အပိုင်း ၁၅

4K 352 11
                                    

Unicode

      ရှောင်းကျန့်က အခုအထက်တန်း​နောက်ဆုံးနှစ်ဖြစ်တဲ့အပြင် စာ​မေးပွဲ​ဖြေဖို့ကလည်း ၂လ​လောက်သာလို​တော့တာမို့ ​အန်တီရှင်းက အထက်တန်းပြီး​အောင်တက်ခိုင်းသည်။ အခုသူတို့​နေတဲ့​နေရာက ​ရှောင်းကျန့်​နေတဲ့ ကျောင်းနဲ့ အ​တော်​လေးနီး​ပေမယ့်  , သခင်​လေး​ကျောင်းနဲ့​တော့​ဝေးသည်။ပထမဆုံး​ကျောင်းတက်တဲ့ တပတ်​လောက်​တော့ သခင်​လေး​ကျောင်းကိုစက်ဘီးနဲ့လိုက်ပို့ပြီးမှ, ​သူ့ကျောင်းကိုသွားသည်။ ​နောက်ပိုင်း​တော့ ​ရှောင်းကျန့်ကျောင်း​ကိုရောက်တဲ့ထိ နှစ်​ယောက်တူတူသွားပြီး ​ကျောင်း​ရောက်တဲ့အခါ, သခင်​လေးက စက်ဘီးယူသွားပြီး သူ့​ကျောင်းကိုဆက်သွားသည်။ သွားရတဲ့လမ်းက ကားသိပ်မရှုပ်တာမို့ တ​ယောက်ထဲသွားဖို့ ခွင့်ပြုလိုက်​ပေမယ်, စိတ်က​တော့သိပ်မချချင်။

     ဒီကို​ရောက်ပြီး တစ်လ ​လောက်ကြာ​တော့ သခင်​လေးရဲ့မျက်နှာက သိသိသာသာ​လေး လန်းလာသည်။ သူ့စက်ဘီး​နောက်ကထိုင်လိုက်တဲ့အခါလည်း ​နောက်က​နေ လက်နှစ်ဘက်ကို ဆန့်တန်းလို့ ဆန့်တန်း, ​ခြေ​​ထောက်​တွေကို ရမ်းလို့ရမ်းနဲ့ ​ဆော့တက်လာသည်။ အထူးခြားဆုံးအရာက​တော့ စကားများများ​ပြောလာတာပဲ။ သခင်​လေးက သူစိတ်ချမ်းသာ​စေချင်လို့ သူ့​ရှေ့မှာဟန်​ဆောင်​နေသလားလို့ ထင်မိတာ​ကြောင့် ကျိရန်ကိုဖုန်းဆက်​မေးကြည့်​တော့ ​ကျောင်းမှာ​တော့စကားအများကြီးမ​ပြော​ပေမယ့် မျက်နှာက​တော့အရင်က​လောက် တည်​နေတာမျိုးမဟုတ်​တော့ဘူးလို့သိရသည်။ ဒီ​လောက်​ပြောင်းလဲမှု​သေး​သေး​လေးကပဲ သူ့ရင်ကို​အေးချမ်း​စေသည်။

        သူတို့ဆိုင်​လေးက အထက်တန်း​ကျောင်းနဲ့နီးလို့ အ​တော်အသင့် လူစည်ကားသည်။ အထူးသဖြင့် ည​နေ​ကျောင်းဆင်းချိန်​တွေ။ ဆိုင်မှာက coffe နဲ့ကိတ်အပြင် အ​အေးတချို့ပါ ​ရောင်းသည်။ ​​ရှောင်းကျန့်က ကျောင်းကပြန်​ရောက်တာနဲ့ ဆိုင်မှာဝင်ကူတာမို့ ​ကျောင်းသူ​လေး​တွေ အကြိုက်​ပေါ့။ ဒီဆိုင်ကကိတ်က​လေး​တွေကလည်းချိုတယ်။ကိတ်​ရောင်းတဲ့ ကိုကိုရဲ့ အပြုံးကလည်းချိုတယ်​။ ​ကိတ်လည်းစားမယ်, အ​အေးလည်း​သောက်မယ်, ဆိုင်ရှင်ကိုလည်းငမ်းမယ်။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now