အပိုင်း ၂

5.4K 432 5
                                    

Unicode
 
  မနက်၅နာရီ​လောက်မှာ အန်တီရှင်းကလာနှိုးသည်။ ​ရှောင်းကျန့်​လေးက အိမ်မှာ​နေတုန်းက ၆နာရီ၊ ၇နာရီ​လောက်မှထတာ။ ဒီအိမ်က အလုပ်သမား​တွေအားလုံးက မနက်၅နာရီဆိုထ
ရသတဲ့။ ပြီး​တော့ အလုပ်သမား​တွေဆို​ပေမယ့်သပ်သပ်ရပ်ရပ်​နေရမယ်တဲ့။ ဒါ​ကြောင့် ​ရှောင်းကျန့်​လေးဟာ ​ရေမိုးချိုးပြီး​တော့ သူ့မှာရှိတဲ့ အဝတ်စား​တွေထဲက အကောင်းဆုံးအဖြစ်တဲ့ ကာကီ​ရောင် ကွာတားပန်​လေးရယ်, အပြာ​ရောင်တီရှပ်​လေးရယ်ကိုဝတ်ထားတယ်။မ​နေ့ညက အန်တီရှင်းလာ​ပေးထားတဲ့ ​ခေါင်းလိမ်းဆီ​လေးကိုလိမ်းကာ မှန်​ရှေ့မှာ အပြီအပြင်ရွှိုင်း​နေပါတယ်။ မှန်ကို​သေချာကြည့်​နေရင်းနဲ့ ​ရှောင်းကျန့်​လေးဟာ တခုခုကို​သေ​သေချာချာ
သ​​ဘော​ပေါက်သွားသလို​ခေါင်းတဆက်ဆက်ငြိမ့်ရင်း...စကားတခွန်းကို​ရေရွတ်လိုက်တယ်..

" ငါဆိုတဲ့ ​ရှောင်း​​ရှောင်ကျန့်က တအား​ချောတာပဲ "

မှန်​ရှေ့မှာရပ်ကာ ကိုယ့်ကိုကိုယ်  fall in loveဖြစ်​နေရှာတဲ့​ရှောင်း​ရှောင်ကျန့်​လေးပါပဲ။

"သားကျန့်​လေး  , ပြင်ဆင်လို့ပြီးပြီလား?"

"ပြီးပြီ အန်တီရှင်း"

"​နောက်ရက်မှ အန်တီရှင်းက သာကျန့်အတွက် အဝတ်စားဝယ်​ပေးမယ်​နော် "

"ဟုတ်ကဲ့"

အန်တီရှင်းက စကား​ပြောရင်းသူ့လည်ပင်းကို ကြိုးတကုံးလာဆွဲ​ပေးသည်။ ​ဘောလုံးပွဲထဲက ဒိုင်လူကြီး​တွေ ဝီစီကိုလည်ပင်းမှာဆွဲသလို​လေး, ဒါ​ပေမယ့် ​ရှောင်းကျန့်​လေးဟာက ဝီစီ​တော့ဟုတ်ဘူး။ ​သော့ကြီး...

" ဒါက သခင်​လေးရဲ့ အခန်း​သော့, လည်ပင်းမှာဆွဲပြီး, အင်္ကျီနဲ့ ဖုံးထား။"

​ရှောင်းကျန့် ​သော့​လေးကို ချက်ခြင်းအင်္ကျီ​လေးထဲထည့်ထားလိုက်သည်။

"အဲ့ ​သော့က ​ပျောက်လို့မရဘူး။ သားကျန့်​လေးရဲ့အသက်လိုပဲကာကွယ်ရမှာ"

     ဒီအိမ်ကြီးကလည်း တန်ဘိုးကြီးလိုက်တဲ့ဖြစ်ခြင်း။ ​သော့​လေးတ​ချောင်းက​တောင် ​ရှောင်းကျန့်​လေးအသက်ထက်တန်ဘိုးကြီးပါတယ်တဲ့။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now