အပိုင်း ၂၁

3.9K 334 5
                                    

Unicode

ဟောက်ရွှမ်းအိမ်ထဲဝင်လိုက်​တော့ ဧည့်ခန်းထဲမှာ ထိုင်​နေ​သော ​မေ​မေနှင့်အတူဒေါ်​လေးကို​ပါတွေ့လိုက်ရသည်။

"ဟာ ​ဒေါ်​လေး​အလည်လာတာလား?"

"​လာလည်တာမဟုတ်ဘူး ​ဟောက်ရွှမ်း​လေး, အပြီး​ပြောင်းလာတာ"

"ဟာ တကယ်လား, ​​ကောင်းလိုက်တာ"

"တကယ်ပါရှင်"

​သူ, ​​ဒေါ်​လေး​မေရှန်း ကို သိပ်ချစ်ပါသည်။ အတူမ​နေ​​ပေမယ့် ​ဒေါ်​လေးက ​ဟောက်ရွှမ်းကို ဂရုတစိုက်ရှိသည်။ သူလိုအပ်တာမှန်သမျှကို မငြီးမငြူ ဖြည့်ဆည်း​ပေးသည်။ တ​နေ့တခါ ဖုန်းဆက်ကာ သူအဆင်​​ပြေမ​ပြေ ​မေး​​လေ့ရှိ​​​သော​ကြောင့်, သူ့အ​ကြောင်းကို ​မေ​​မေ့ထက်ပင်ပိုသိသူဖြစ်သည်။

"ကဲ..သား အဝတ်စားလဲပြီးရင် ​အောက်ပြန်ဆင်းခဲ့ဦး၊ ဟိုဘက်အိမ်ကို မင်း​ဒေါ်​လေးပါလာတဲ့ လက်​ဆောင်ပစ္စည်း​လေး​တွေသွားပို့​ပေးဦး"

"ဟုတ်ကဲ ...အဲ...ဟိုဘက်အိမ်လား"

"​အေး​လေ..."

"ဟုတ်..ဟုတ်"

ဟိုဘက်အိမ်ဆို, အဖြူ​ကောင်ရဲ့အိမ်မို့ သူမသွားချင်ပါ။ ဒါ​ပေမယ့်လည်း ​မေ​​မေခိုင်းတာကို​တော့ မငြင်းချင်ပါ။
..............

သူခြံ​ရှေ့က ဘဲလ်ကိုနှိပ်လိုက်​တော့ ခြံ​​စောင့်ဖြစ်ဟန်တူ​သော ဦ​လေးတ​ယောက်, ​ရောက်လာသည်။

"ဘယ်သူနဲ့​တွေ့ချင်လို့လဲကွယ့်"

"ကျ​တော်က ​​ဘေးအိမ်ကပါဗျ, ​မေ​မေက လက်​ဆောင်​လေး​ပေးခိုင်းလို့ပါဗျာ"
သူတို့စကား​ပြော​နေတုန်း ​လှပကာကျက်သ​ရေရှိလှ​သောအမျိုးသမီးကြီးတစ်ဦး​ရောက်လာသည်။

"​အော် , ဟိုဘက်အိမ်က လူသစ်​တွေထင်တယ် , ဦး​လေးကျူး တံခါး ဖွင့်​ပေးလိုက်"

ထိုအမျိုးသမီးကြီးစကား​ကြောင့် ခြံ​စောင့်ဦး​လေးက တံခါးဖွင့်​ပေးသည်။

"လာ...လာ..သား​လေး အိမ်ထဲဝင်ပါဦးကွယ်"

"ဟုတ်ကဲ့"
အိမ်ထဲကဆိုဖာ​ပေါ်​နေရာချ​ပေးတာ​ကြောင့်, ဝင်ထိုင်လိုက်သည်။ အိမ်အပြင်ဆင်ကိုကြည့်တာနဲ့ ဘယ်​လောက်ချမ်းသာ​ကြောင်းသိ​စေနိုငိ​လောက်​အောင် အိမ်ကြီးက ခမ်းနားလွန်းသည်။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now