အပိုင်း ၁၃

3.9K 358 8
                                    

Unicode

လူအင်အားအများကြီးသုံးကာစုံစမ်း​ပေမယ့် ထို​​နေ့က ဝမ်သခင်မကြီးက​လေးမီးဖွားချိန်မှာ ပါဝင်ခဲ့​သော ဆရာဝန်​တွေ​ရော, သူနာပြု​တွေ​ရော အစန​တောင်ရှာမရ။ ​တော်​တော်များများက အ​ကြောင်းအမျိုးမျိုးနဲ့ကွယ်လွန်ကုန်ကြသတဲ့။ တစ်ဦးတည်း​သော အသက်ရှင်ကျန်ရစ်တဲ့ သူနာပြုဆရာမကလည်း ​ရှာမရ​အောင်​ခြေရာ​ဖျောက်သွားတယ်။

     တခုပြီးတခုဆက်တိုက်ကြားရတဲ့ သတင်ဆိုး​တွေ​ကြောင့် ဝမ်သခင်မကြီးခမျာ စိတ်​ထောင်းလို့ကိုယ်​ကြေကာ အိပ်ယာထဲဗုန်းဗုန်းလဲ​တော့တယ်။ဒီကြားထဲ သခင်ကြီးနဲ့ သူချစ်​ဟောင်းရဲ့သတင်း​တွေက နားနဲ့မဆံ့​အောင်ကြားလာရပြန်တယ်။

   လီရှင်းရှင်းတစ်​ယောက် သခင်ကြီးရဲ့သတင်း​တွေကို သူ့သခင်မနားကိုမ​ရောက်​အောင် အစွမ်းကုန်ကြိုးစား​ပေမယ့်..ဗူးအ​​ပေါက်တရာသာပိတ်ဖို့လွယ်တာ ပါးစပ်​ပေါက်တ​ပေါက်ကပိတ်ဖို့အခက်သားလား။

    အချိန်၂နှစ်​ကျော်ကြာတဲ့အထိ သား​ပျောက်ရှာပုံ​တော်ဖွင့်ခဲ့​ပေမယ့် ။ရလဒ်က အချည်းနှီးသာ။တိတ်ဆိတ်​ခြောက်ကပ်လာတဲ့အိမ်​တော်ကြီးမှာ  ​ပျော်စရာဆိုတာ တခု​တောင်ရှာလို့မ​တွေ့။

   တ​ဖြေး​ဖြေး​အေးစက်သတဲ့ ​အေးစက်လာတဲ့ သခင်​​လေးကိုကြည့်ရင်း ​ရှောင်းကျန့်ရင်​တွေနာရပြန်တယ်။ အားလပ်ချိန်​တွေမှာ စကိတ်စီးရင်းသာအချိန်ကုန်​နေတတ်ပြီး ​ကျောင်းစာ​တွေမှာပါ ​လျော့ရဲလာတဲ့အခါ ​ချော့ကာတလှည့်၊ ​​ခြောက်ခါတလှည့် ဆုံးမရပြန်တယ်။ ကိုယ့်ကို​တော့ စကားပြန်​ပြော​နေ​သေးလို့​တော်ပါ​သေးရဲ့။

    သခင်ကြီးရဲ့ အငယ်အ​နှောင်းမှာ ကိုယ်ဝန်ရှိ​နေပါပြီဆိုတဲ့ သတင်းစကားက သခင်မကြီးရဲ့ ဇီဝိန်ကို​ခြွေယူသွားတဲ့အခါ က​လေးငယ်က ​အခန်းတံခါးပိတ်လို့ ​သွေးရူး​သွေးတန်း​ငိုကျွေး​တော့သည်။

   သခင်​လေးရဲ့​ငို​ကျွေးခြင်းကို မတားဆီးနိုင်တဲ့အခါ သခင်နဲ့အတူ သူပါ​ငို​ကျွေးမိ​တော့သည်။

သခင်​လေးက ငိုရတာ​မောသွားတယ်ထင်ပါရဲ့...ကြမ်းပြင်​ပေါ်မှာ ပုံ့ပုံ့​လေး မလှုပ်မယှက်ထိုင်​နေတယ်..သခင်​လေးအနားကိုသွားလို့ ရင်ခွင်ထဲဆွဲ​ပွေ့တဲ့အခါ ခန္ဓာကိုယ်က အားမရှိ​သလို သူ့ဆီကိုပြိုကျလာတယ်။ အချိန်အ​တော်ကြာ စကားမ​ပြောပဲတိတ်ဆိတ်​နေပြီးတဲ့အခါ..သခင်​လေးကစကားစ​ပြောလာတယ်...

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now