အပိုင်း ၃၅

3.9K 286 2
                                    

Unicode

"ရိ​ပေါ်နဲ့​တွေ့ချင်လို့ပါ"

ဆိုင်မှာအလှစိုက်ထား ထားတဲ့ပန်းအိုး​လေး​တွေကို​နေရာချ​ဖို့ ညွှနိကြား​နေတုန်းမျက်လုံးဝိုင်းဝိုင်း နှာတံစင်းစင်းနဲ့ ဘာဘီအရုပ်​လေးသဖွယ်ချစ်စရာ​ကောင်းတဲ့​ကောင်မ​လေးက ​​​ရှောင်းကျန့်ရှေ့တည့်တည့်ကိုလာရပ်ပြီး​မေးလာသည်။

"ညီမ​လေးက ဘယ်သူလဲ?"

"ရိ​ပေါ်ရဲ့သူငယ်ချင်းပါ"
သူမရဲ့စကား​ကြောင့် ​ရှောင်းကျန့်ရဲ့မျက်ခုံးနှစ်ဘက်ပင့်တက်သွားသည်။ ဒါကိုသူမက သတိထားမိပုံပဲ ယဲ့ယဲ့​လေးပြုံးလိုက်သည်။

"​​သြော်, ရိ​ပေါ်က trainningရှိလို့ ဆိုက်ကယ်လ်ကွင်းသွားတယ်၊ ​နောက်နာရီဝက်​လောက်​နေမှပြန်​ရောက်မယ်"

"ဒါဆို ညီမ​စောင့်​နေပါ့မယ်"

"ရပါတယ်, ခုံမှထိုင်ဦး​လေ၊ ညီမ​လေးဘာ​သောက်မလဲ"

"ရိ​ပေါ်က ဘာ​သောက်တတ်လဲဟင်၊ ရိ​ပေါ်​သောက်​နေကြဟာပဲ​​ပေးပါ​နော်"

ဘယ်လို​တောင်ရဲတင်းတဲ့ မိန်းက​လေးမျိုးလဲ?

​ရှောင်းကျန့်လည်း သူမထိုင်ဖို့​နေရာကိုညွှန်ပြလိုက်သည်။

သူမက သခင်​လေး​သောက်​နေကြဟာပဲ​ပေးတဲ့။ သခင်​လေးက လိ​မ္မော်ရည်ပဲ​သောက်တာ။ ​ကော်ဖီ​တွေဘာ​တွေ လုံးဝမ​သောက်ဘူး။ ဒါ​ကြောင်မို့ သူမအတွက် esprasso ခါးခါးတစ်ခွက်​ဖျော်​ပေးလိုက်တယ်။

​သခင်​လေးရဲ့ဧည့်သည်မို့ ရှောင်းကျန့်ကစားပွဲထိုး​တွေကိုမခိုင်းပဲ သူကိုယ်တိုင်သွားချ​ပေးလိုက်သည်။

"အစ်ကို ခဏ​လောက်ထိုင်လို့ရမလား?"
​ရှောင်းကျန့်က မထိုင်​သေးပဲ​ကြောင်ကြည့်​နေမိသည်။

"ညီမတစ်​ယောက်ထဲဖြစ်​နေလို့ပါ"
​ရှောင်းကျန့်လည်း သက်ပြင်းချရင်း သူမ​ရှေ့မှာဝင်ထိုင်လိုက်သည်။

"အစ်ကိုက ရိ​ပေါ်ရဲ့အ​စေခံဆို"

အခြားတစ်​ယောက်​ယောက်အတွက်ဆို ဒီစကားက အရှိုက်တည့်တည့်ကိုထိမှာ​အ​သေချာပဲ။ ဒါ​ပေမယ့် ​ရှောင်းကျန့်က သခင်​လေးရဲ့အ​​စေခံဖြစ်​ခဲ့ရတာကို တကြိမ်တခါ​လေး​တောင် ရှက်စရာ၊ ဝမ်းနည်းစရာလို့မ​တွေးခဲ့ဘူး​တော့ သူမပစ်လိုက်တဲ့မြှားက ​​ရှောင်းကျန့်ကိုမထိဘူး။

ဤချစ်ခြင်းဖြင့်​နွေး​ထွေး​စေ​သော်ဝ် (Complete)Where stories live. Discover now