>>>>> ( Unicode ) <<<<<
မဖတ်ခေါ်ပဲရောက်လာတဲ့ခင်ဗျားက ကျုပ်နှလုံးသားတစ်နေရာမှာနေရာယူပြီးခဲ့ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ်မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်။
အမျိုးသားချင်းချစ်ကြိုက်လို့ရသလား?
ဒါပေမယ့် ခင်ဗျားလေးသိလား.. ကျုပ်ဘယ်လိုပဲ အခါခါတွေးပေမယ့် အဲ့အရာက ခင်ဗျားနဲ့သာဆိုလျှင်...ခင်ဗျားဖြစ်နေခဲ့ရင်..ကျုပ်ဆိုတဲ့ကောင်က ဘယ်အရာမှဂရုမစိုက်ဘူး။
"ကိုယ်မင်းကိုမချစ်ရဲဘူး အက်ဒွက် " တဲ့ မတိမကျအဖြေပေးပြီးနောက်တစ်နေ့မှာထွက်ပြေးဖို့ကြံစည်နေတဲ့ခင်ဗျားလေး ကို ကျုပ်ဘယ်လိုလက်လွတ်ခံနိုင်ပါ့မလဲဗျာ..။
" ငြင်းဆန်ခွင့်မရှိဘူး မဖိတ်ခေါ်ပဲရောက်လာတယ်၊ မတောင်းဆိုပါပဲ ကျုပ်နှလုံးသားထဲဝင်လာတဲ့ခင်ဗျားလေးအတွက် အပြစ်ဒဏ်က ကျုပ်အနားမှာတစ်သက်လုံးစာအတွက်ရှိနေပေးဖို့ပဲ ၊ အဲ့လိုရှိနေအောင်လဲ ကျုပ်ကလုပ်ယူမှာမို့ ထွက်ပြေးနေလဲအပိုပါပဲ ခင်ဗျားလေးရယ် "
#စောနေစေး ( ခေါ် ) အက်ဒွက်
နာမည် - စောနေစေး (အက်ဒွက်)
မွေးရက် / လ - 29 . 7 .
အသက် - 25
အရပ် - 191 Cm ( 6'3 )
ရာထူး - လုံဝမ်ရွာ တပ်ခေါင်းဆောင်
ဝါသနာ - တိုက်ခိုက်ပစ်ခတ်ခြင်းနှင့် တောအမဲလိုက်ခြင်း ။
________________________________________
ကြမ်းတမ်းပြီးကြောက်စရာကောင်းတဲ့ မင်းကိုချစ်မိခဲ့တယ် ။ အဲ့လိုဆိုရင်တောင် ခြားနားနေတဲ့တံတိုင်းကြီးကိုဖြတ်ကျော်ဖို့အတွက် ကိုယ့်မှာသတ္တိမရှိဘူး ။
မဖြစ်နိုင်တဲ့စည်းဘောင်တွေကိုလစ်လျှုရှူပြီး မင်းအချစ်ကိုလက်ခံလိုက်ပါလို့ နှလုံးသားကတောင်းဆိုနေရင်တောင် ကိုယ့်ဦးနှောက်တွေကငြင်းဆန်နေတယ်။
" ကိုယ်မင်းကိုမချစ်ရဲဘူး အက်ဒွက် "
ဒီအဖြေမှာ မင်း လှည့်ပြန်သွားမယ်ထင်တဲ့ကိုယ်ကငတုံးပဲ ။

BINABASA MO ANG
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။