အပိုင်း { ၂၈ }

24.6K 2.2K 147
                                    

Unicode ။

ညနေခင်းအချိန်ရောက်သော် တောသဘာဝ တောရဲ့အလှအတိုင်း နေဝင်ဆည်းဆာအလှနဲ့ကျေးငှက်ကလေးတွေတွန်ကျုးသံတို့သာယာဖွယ်ရှိပြီး ပက်ဝန်းကျင်တွင်တော့တိတ်ဆိတ်လျှက်ရှိ၏..ထို့အတူ ကူးရယ်အိမ်ဧည့်ခန်းတွင် ကူးရယ်တို့လင်မယားနှင့် ခွန်စိုင်းအပါအဝင် နေစေးတို့အားလုံးစကားစမြည်ပြောနေကြသည်။

သက်သာရုံရှိသေးတဲ့ ခွန်စိုင်းကိုနေစေးက အိပ်ခန်းထဲတွင်သာနေစေချင်ပေမယ့် အခန်းထဲမှာချည်းမနေချင်ဘူးငြင်းတဲ့ ခွန်စိုင်းကြောင့်သာအပြင်ဘက်သို့တွဲကူ၍ ခေါင်းဦးအပျော့ကိုနောက်ကျောခုကာထိုင်နေ​စေသည်။ သူ့နံဘေးမှာတော့ နေစေးဟာခွန်စိုင်းမျက်နှာကိုတစ်ချက်အလွဲမခံစောင့်ကြည့်နေ၏

နေစေးရဲ့အခုလိုနီးကပ်လှတဲ့စောင့်ရှောက်မှု့တစ်ခုဟာ ဦးဆောင်သူဆိုတဲ့ဂုဏ်ပုဒ်နဲ့ကွဲပြားစွာအင်မတန်မှနူးညံ့ခြင်းနဲ့ စိတ်ရှည်သည်းခံမှု့ကြောင့် ကူးရယ်တို့ကအံအားသင့်နေကြသည်..ဘာကြောင့်ဆို ဦးဆောင်သူ ဆိုတဲ့ထိုလူသားဟာ ယောက်ကျားလေးတစ်ယောက်အပေါ်အခုလိုနူးညံ့စွာဂရုစိုက်ဖို့မပြောနှင့် သူသေလုလုဖြစ်နေရင်တောင် တစ်ချက်မျက်နှာမဲ့သွားခြင်းမရှိဟု အားလုံးကသိထားကြတာကြောင့်ပင်။

" လူလေး သက်သာရဲ့လားကွယ် "

စိုးရိမ်စွာမေးလာတဲ့ ဒေါ်လေးကို ခွန်စိုင်းပြုံးကာဖြေ၏။

" သက်သာပါတယ်ဒေါ်လေး ဆေးလိမ်းထားတာအတော်လေးနေလို့ကောင်းပါတယ် "

" အေးကွယ် ဒီလောက်ပဲထိခိုက်တာတော်သေးနော့ အခုတောင်ဒဏ်ရာတွေအတော်များသားရယ် "

" ကျွန်တော်ရောက်ရောက်ချင်းပဲဒေါ်လေးနဲ့ဦး​ကြီးတို့ကိုစိတ်ပူအောင်လုပ်မိပြီ တောင်းပန်ပါတယ် "

" အို့ ဘယ့်နှယ့်တောင်းပန်နေတာတုန်း ကျုပ်တို့မယ် လူလေးအဆင်ပြေတယ်ကြားဆိုပျော်နေရော..ဒီအခြေနေက တမင်လုပ်ယူထားတာလဲမဟုတ် "

စိတ်မသက်သာစွာပြောလာတဲ့ ဒေါ်လေးမောမြာရဲ့စကားကြောင့် ခွန်စိုင်းကိုယ်တိုင်လည်းပြုံးရင်းသာတုန့်ပြန်၏။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now