အပိုင်း { ၂၄ }

34.2K 3K 297
                                    

                         [ Unicode ]

နှစ်ရက်လောက်ထိ တောထဲမှာအတူတကွနေထိုင်ခဲ့ပြီးတဲ့နောက်မှာ ခွန်စိုင်းတို့ရွာကိုပြန်ဖို့ပြင်နေသည်။

တစ်ခါမှ မတွေ့ကြုံခဲ့ဖူးတဲ့ အမဲလိုက်ကွင်းဖြစ်တဲ့ ဒီတောထဲမှာ ချစ်ရတဲ့တစ်စုံတစ်ယောက်နဲ့အတူဖြတ်သန်းခဲ့တဲ့နေ့ရက်က အရာရာအဆင်ပြေချော့မွေ့နေတယ်မဆိုသော်ငြားလည်း တတ်နိုင်သမျှခက်ခဲခြင်းမရှိအောင် ချစ်ရသူကစီစဥ်ပေးသည်။ ဒါ့အပြင် ထိုနှစ်ရက်အတွင်းမှာပဲ ရှက်ဖို့ကောင်းစွာ အထိမခံနိုင်ခဲ့တဲ့ ခွန်စိုင်းရဲ့ ခရေတွင်းလေးဟာလည်း နေစေး ခူးယူပြီးလိမ်းပေးတဲ့အကျိုးဆက်အနေနဲ့ ပျောက်ကင်းသွားခဲ့သည်။ အကျိုးဆက်အနေနဲ့ကတော့ ခွန်စိုင်းက နေစေးကိုမျက်နှာပူနေဆဲပဲ။

ခွန်စိုင်းအတွက် ဘဝရဲ့မေ့ဖျောက်လို့မရတဲ့အမှတ်တရတစ်ချို့ကျန်နေတဲ့ ဒီတော နဲ့ ဒီအိမ်ငယ်လေးကို ခွဲရမှာမို့ ခွန်စိုင်းနည်းနည်းဝမ်းနည်းမိသည်။

" စိုင်းဟွမ်..ပြီးပြီလား? "

နူးညံ့ပြီးအချစ်တွေပြည့်နှက်စွာပြောလာတဲ့စကားအပြီး ခွန်စိုင်းနောက်ကျောကနေသိုင်းဖက်လာတဲ့ သူ့ကြောင့် နီးကပ်သွားတဲ့ရင်ခွင်တစ်စုံဟာနွေးထွေးလှပါ၏။

" မင်းရော သိမ်းစရာရှိတာတွေပြီးပြီလား "

" ထွေထွေထူးထူးမှ သိမ်းစရာမလိုတာပဲရော်.."

" အင်း.."

ပြန်တိတ်ဆိတ်သွားတဲ့ ခွန်စိုင်းရဲ့မျက်နှာလေးကနွမ်းလျှနေသည်။ သစ်ပင်ပေါ်မှာဆောက်ထားတဲ့ဒီအိမ်ငယ်လေးရဲ့ပြတင်းတံခါး​လေးမှာ နှစ်ဦးသားမတ်တတ်ရပ်လို့ ခွန်စိုင်းဟာ အဝေးဆီကအလှတရားကိုကြည့်နေသော်လည်း နေစေးကြည့်တဲ့အလှတရားကတော့ ခွန်စိုင်းမျက်နှာလေးပင်။

" ခင်ဗျားဝမ်းနည်းနေတာလား? "

လည်တိုင်လေးသို့ဖွဖွနမ်းကာ မေးသည်။

" ကိုယ့်အတွက် မင်းနဲ့အတူရှိနေတဲ့နေရာတိုင်းကတန်ဖိုးရှိတဲ့ အမှတ်တရတွေနဲ့လေ၊ ဝမ်းနည်းလားဆိုတော့.. အင်း ဒီနေရာလေးမှာအကြာကြီးမနေရတော့ နည်းနည်းဝမ်းနည်းမိတယ် "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now