အပိုင်း { ၃၀ }

27.4K 2.3K 232
                                    

Unicode

" စိုင်းလုံ တဖက်မှာအားလုံးအဆင်သင့်ဖြစ်ပြီလား ? "

" စိတ်ချ ကိုဂျင်မီ ကျုပ်အားလုံးအသင့်ပြင်ထားပြီးပြီ ခင်ဗျားစကားတစ်ခွန်းပဲလိုတယ် "

" ကောင်းတယ်။ ဒီတစ်ခေါက်ကငါတို့မှာရှိရှိသမျှအကုန်ရင်းနှီးထားရတာ ဘာတစ်ခုမှအလွဲလွဲအချော်ချော်ဖြစ်လို့မရဘူး "

" ကျုပ်နားလည်တယ်။ ကျုပ်ဆိုတဲ့ကောင်ကလည်း အများကြီးရင်းထားပြီးမှလက်ဗလာနဲ့တော့အိမ်မပြန်နိုင်ဘူး "

ကောက်ကျစ်မှု့ကိုနှိုင်းယှဥ်ကြည့်မယ်ဆိုရင် စိုင်းလုံဆိုတာဂျင်မီ့ရဲ့ခြေမှုန်သာသာရှိ၏ ဂျင်မီဟာ သူ့အသက်ရှင်နေသမျှဘဝတစ်လျှောက်လုံး အမုန်းတွေ အညှိုးတွေ အတ္တတွေနဲ့လက်စားချေမယ့်ဆန္ဒတွေကြီးစိုးထားပြီး သွေးအေးတဲ့စိတ်ဓာတ်နဲ့ သူ့အတွက်သာမယ့်အကွက်ကောင်းကိုစောင့်နေတဲ့လူ ။

အဲ့လိုလူအတွက် တဖက်ရန်သူထိခိုက်မှု့မရှိပဲတော့ သူ့အသက်အသေခံမယ့်သူမဟုတ်ပေ။

* နောက်ဆုံးတော့ ငါမျှော်လင့်ထားတဲ့ တစ်နေ့ကိုရောက်တော့မှာပေါ့ကွာ..*

__________________________

ရေနံမီးအိမ်လေးအလင်းနှင့်အခန်းထဲရှိယက်ဖျာပေါ်တွင်ထိုင်၍ နေစေးတစ်ယောက် ညနေခင်းက ဘွား ပြောတဲ့စကားတွေကိုပြန်ကြားယောင်နေသည်။

" နေစေး ကျုပ်တို့အားလုံးမနက်ခရီးအတွက်အကုန်ပြင်ဆင်လို့ပြီးပြီ ဒါပေမယ့် တစ်ခုရှိတာက..."

တိတ်ဆိတ်သွားတဲ့ ဘွား စကားကြောင့်နေစေးမျက်မှောင်ကျုံ့ကာ..

" ဆက်ပြော "

" တခြားတော့မဟုတ်ဘူး ကျုပ်ပြောချင်တာက နောင်ကြီးခွန်စိုင်းပဲ "

" ကျုပ်ဧည့်သည်လေးနဲ့ဘာအကြောင်းရှိသလဲ "

" မနက်ကပြန်ရောက်တဲ့ကင်းထောက်ဆီကသတင်းအရစိုင်းလုံတို့အဖွဲ့ရဲ့ဦးတည်ချက်က ပေါ့ပေါ့လေးတွေးထားလို့မရဘူး။ အထူးသဖြင့်ဂျင်မီ။ ဂျင်မီကလက်ဝယ်လျှိုစီးပွားရေးသမားလိုလိုနဲ့ အခုနောက်ပိုင်းသိလာရတာ တဖက်နိုင်ငံကနေ လက်နက်စုဆောင်းရေးလုပ်နေတာကြာပြီဆိုပဲ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now