Unicode.. ။
" ဒေါ်လေးနန်း.. ဒေါ်လေးနန်း "
" ဟေ ဘယ်သူလဲကွဲ့ "
" ကျွန်တော်ပါ လွင်မိုး ဒေါ်လေး "
" အော် သားလွင်မိုး.. လာလေ ဒေါ်လေးမီးဖိုချောင်ဘက်ရောက်နေတာ "
ဒေါ်နန်းတစ်ယောက်ဒီနေ့အတွက်ငါးငပိချက်လေးနဲ့မျှစ်တို့စရာ စားချင်တာမို့ စိုက်ခင်းထဲမသွားခင်လေးအမြန်ချက်နေတုန်း လွင်မိုးခေါ်သံကြားတာကြောင့် ချက်ချင်းလက်စသတ်၍အပြင်သို့ထွက်လာခဲ့သည်။ ဒေါ်နန်းသည် လွင်မိုးလာတာနဲ့ပက်သတ်ပြီး သူ့သားငယ်လေးရဲ့သတင်းကောင်းလေးပါလာပါစေလို့ မျှော်လင့်ဆုတောင်းရတာအမော။
သူ့သားခွန်စိုင်းက လွင်မိုးတို့အမျိုးတွေဆီလိုက်လည်ရင်းအလုပ်အတွက်ကုန်ကြမ်းများရလို့ တခြားတစ်နေရာကိုခရီးဆက်ရင်ပြန်လိုက်မလာခဲ့ဘူးတဲ့လေ။ ဒီအမေမှာတော့ တမျှော်မျှော်ဖြစ်နေပေမယ့် ဘယ်ဆီမှာသွားရှာရမလဲမသိ။ အိမ်ကနေစိတ်ပူပန်နေယုံပဲရှိတော့တယ်။ ပြီးခဲ့တဲ့တစ်ခေါက်က လွင်မိုးအကူအညီနဲ့ သားလေးဆီကိုစာထည့်ပေးလိုက်တာရောက်ရဲ့လားတောင်သူမ မသိပေ။
အသက် ၄၀ ကျော်အရွယ်ဆိုသော်လည်းအရွယ်တင့်တဲ့ ဒေါ်နန်းယဥ်လှဟာ အပြာရင့်ရောင်နှင့်အပွင့်အခက်ပုံစံလှပစွာပုံဖော်ထားတဲ့အဖြူရောင် ပါတိတ်ဝမ်းဆက်ကိုဝတ်လျှက်..ဆံပင်ကိုအနောက်ဆံထုံးထုံးကာလှပလို့နေသည်။ သို့သော် လွင်မိုးရှေ့ရောက်လာတဲ့ ဒေါ်နန်းယဥ်လှ၏မျက်နှာဟာလှပသော်လည်း ယခုတော့ သူမမှာစိုးရိမ်မှု့များသာရှိ၏။
လွင်မိုးအိမ်ဧည့်ခန်းထဲရောက်တာနဲ့ ဝင်ထိုင်ပြီးနောက်။
" ဒေါ်လေး ဒီမှာခွန်စိုင်းဆီကစာလာတယ် "
ထိုစကားသံကြားတာနဲ့ ဒေါ်နန်းမျက်နှာဝမ်းသာအားရဖြစ်ပြီးစိတ်လှုပ်ရှားလာသည်။ သူ့သားလေး...သူ့သားငယ်လေး ။
" ဟယ် ဟုတ်လား။ ဒေါ် ဒေါ်လေးကိုပေးပါဦးကွယ် "
" ဟုတ်ကဲ့ "
လွင်မိုးလက်ထဲကစာအိတ်လေးကို ဒေါ်နန်းဆီတရိုတသေကမ်းပေးတော့ ဒေါ်နန်းချက်ချင်းပင်ဖွင့်ဖတ်လိုက်သည်။

YOU ARE READING
Saw Nay Say's Travel Blogger [ Completed ]
Romance#စောနေစေးရဲ့ခရီးသွားဘလော့ဂါလေး #June - 19 - 2020 #Moewathan #Artist by Melon mist 🌠 ယခုဇာတ်လမ်းတွင်ပါဝင်သော ရိုးရာ၊ဓလေ့ ယဥ်ကျေးမှု့စသဖြင့် ဇာတ်လမ်း၊ ဇာတ်ကွက်များဟာ စာရေးသူဖန်တီးထားသော စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။