အပိုင်း { ၁၂ }

36.3K 3.8K 537
                                    

                           [ Unicode ]

ပွဲစျေးက ညနေဘက်မှစတင်၍ ညအချိန်တွေထိတိုင်ဆိုတော့ နေစေးတို့လေးယောက် ညနေစောင်းတဲ့အချိန်မှာ အဆင်သင့်သွားရန်ပြင်​ပြီးနည်းနည်း​မှောင်ရီပျိုးချိန်မှာထွက်လာခဲ့သည်။ ဘွား နဲ့ မော့ လည်း နေစေးတို့နဲ့အတူတူသွားတာကြောင့် လေးယောက်သားလည်ပတ်ရန်ဖြစ်လာခဲ့သည်။ ခွန်စိုင်းစိတ်ထဲမှာ တောရွာရဲ့ညစျေးပွဲတော်လေးမို့ အနည်းငယ်စည်းကားဖို့ပဲမျှော်လင့်ခဲ့သော်...တကယ်တမ်းတွေ့လိုက်ရချိန်မှာ သူမထင်ထားတဲ့အထိ ပွဲစျေးလမ်းတလျှောက်စည်ကားလို့နေတော့သည်။

ပွဲစျေးတော်ဟာ အနောက်ပိုင်းရွာလူကြီးအိမ်အနီးဖြစ်တာကြောင့် နော်အဲလာသည် ဒီညမှာ နေစေးနဲ့သူမလည်ပတ်ဖို့အတွက်အလှဆုံးပြင်ဆင်ကာစောင့်နေ၏။ သူမစိတ်ထဲမှာ သူမကိုနေစေးဝင်ခေါ်၍လည်ပတ်မယ်ထင်ထားသည်။သို့သော် မှောင်ရီပင်ပျိုးနေလေပြီ နေစေးအရိပ်အယောင်မတွေ့တာကြောင့် သူမစိတ်ပျက်လက်ပျက်ဖြစ်နေရသည်။

ခမ်းကျောက်ကတော့ နော်အဲလာတွေးသလိုမတွေးထားပေ။ နေစေးဟာ ခွန်စိုင်းနဲ့ အိမ်ရှင်နဲ့ ဧည့်သည်ဆက်ဆံရေးရှိပေမယ့် ဘာကြောင့်မှန်းမသိ အဲ့ထက်ပိုနေတယ်လို့ခံစားရသည်။ ဒီနေ့ စျေးပွဲတော်မှာ ခမ်းကျောက်ဟာခွန်စိုင်းနဲ့ရင်းနှီးမှု့ရယူပြီး တဆင့်ချင်းသွားဖို့ရည်ရွယ်ထားတာကြောင့် နော်အဲလာ ကိုခေါ်ပြီးပွဲစျေးဘက်ဆီလျှောက်လာခဲ့သည်။ နော်အဲလာ နဲ့ ခမ်းကျောက်ဟာ မြို့ကြီးမှာတစ်ခါတစ်ရံဆုံဖူးပေမယ့်အရမ်းမရင်းနှီးပေ။ သို့သော် နော်အဲလာဟာ ခမ်းကျောက်ရဲ့သတင်းတစ်ချို့ကိုကြားဖူးနားဝရှိခဲ့ဖူးတာကြောင့် အခုနေမှာ ခမ်းကျောက်က ခွန်စိုင်းဆိုသော အမျိုးသားကိုဘာကြောင့်အရမ်းကပ်တွယ်ချင်နေလဲဆိုတဲ့ ရည်ရွယ်ချက်ကိုရိပ်မိသည်။

အပြင်လမ်းတွင် ခမ်းကျောက်နဲ့နော်အဲလာတို့ အတူတူလျှောက်လာရင်း နော်အဲလာသည်ခမ်းကျောက်အားစကားစလိုက်သည်။

" ကိုခမ်းကျောက် "

" ဟုတ်ကဲ့ "

" နော် သိချင်တာလေးတစ်ခုရှိလို့ မေးမိရင် ကိုခမ်းကျောက်အနေနဲ့စိတ်မဆိုးလောက်ဘူးမလား"

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now