အပိုင်း { ၃၆ }

26.4K 2.2K 168
                                    

Unicode

နောက်တစ်နေ့မနက် ခွန်စိုင်းအဖျားကျ၍နိုးလာတဲ့အခါမှာ အရာအားလုံးကအရင်နေ့တွေသကဲ့သို့တိတ်ဆိတ်ငြိမ်းချမ်းစွာနှင့်ပင်။ ကျေးငှက်အော်သံလေးတွေနဲ့အတူနေရောင်ခြည်အနွေးဓာတ်သည်လည်းပြတင်းတံခါးမှတဆင့် တိုးဝင်လာချေပြီ။ ခွန်စိုင်းမျက်လုံးကိုအားယူပြီးဖွင့်ကြည့်တော့ ရင်းနှီးနေတဲ့တဲဆီကအိပ်ခန်းလေးထဲမှာသက်တောင့်သက်သာနားနေမှန်းသိလိုက်သည်။ ခွန်စိုင်းနည်းနည်းသက်သာနေပြီမို့ အိပ်ရာကထထိုင်ပြီးနောက်ကျောမှာခေါင်းဦးခုမှီကာ မနေ့ကအဖြစ်ပျက်တစ်ချို့ကိုခွန်စိုင်းပြန်တွေးကြည့်လိုက်သည်။

မနေ့က ခွန်စိုင်းတောထဲမှာလမ်းပျောက်ပြီးအတော်ကြာတဲ့အထိမိုးရေထဲမှာလျှောက်သွားနေခဲ့တယ်။ အဲ့အချိန်တောင်အောက်အဆင်းမှာခြေချော်လဲကျပြီး​နောက်ဘာမှမသိတော့ဘူး။ ခွန်စိုင်းသတိပြန်ရတဲ့အချိန်ခဏအတွင်းမှာ နေစေး ကိုတွေ့လိုက်ရတယ်..။ နေစေး? .. ဟုတ်တယ် သူမနေ့ကသေချာပေါက်နေစေးကိုမြင်ခဲ့တယ်..အဲ့နောက်ပိုင်း....အဲ့နောက်ပိုင်း...မသိတော့ပြန်ဘူး ကျစ်!။

ကြည့်ရတာ သူမိုးရေထဲမှာအကြာကြီးနေမိလို့များ
ကယောင်ကတန်းတွေမြင်မိနေတာများလား။

ခွန်စိုင်း ကိုယ့်ကိုကိုယ်အားမရစွာနဲ့ညီးညူမိသည်။ အမှန်တိုင်းပြောရရင် နေစေးထွက်သွားတဲ့အချိန်ကတည်းက ကိုယ့်ဘာသာအဆင်ပြေအောင်ဖြေသိမ့်ရင်းနေလာခဲ့ပေမယ့် ခွန်စိုင်းရင်ထဲမှာ နေစေးကိုအမြဲလွမ်းနေမိတယ်။ အခုလို ခွန်စိုင်းနေထိုင်မကောင်းတဲ့အချိန်မျိုးဆို သူ့ကိုအနားမှာရှိစေချင်မိတယ်။ ဒါပေမယ့်...။

ထိုအချိန် တံခါးဖွင့်သံနဲ့အတူ တဲအိမ်အခန်းလေးသို့တစ်စုံတစ်ယောက်ဝင်လာခဲ့သည်။

" စိုင်းဟွမ်.. "

အတွေးလွန်ပြီးဝမ်းနည်းနေတဲ့အချိန် နေစေးအသံကြောင့် ချက်ချင်းလှည့်ကြည့်လိုက်သည်။ ဒါ.. သူအိမ်မက်ထပ်မက်နေတာတော့မဟုတ်ပါဘူးနော်။ နေစေးက တကယ်သူ့ဆီလျှောက်လာနေတယ်။

​သူ့ကိုစိုက်ကြည့်နေတဲ့ ခွန်စိုင်းမျက်လုံးလေးတွေဟာ အံသြမှု့ကြောင့်ထင်၏ ပုံမှန်ထပ်ပြူးကျယ်နေပြီး ထိုမျက်ဝန်းလေးထဲမှာ နေစေးပုံရိပ်ကနေရာအပြည့်ယူထား၏။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now