အပိုင်း { ၅ }

41.1K 4K 313
                                    

>>>>> [ Unicode ] <<<<<

နောက်တစ်နေ့မနက် ။

ရန်ကုန်မြို့တွေမှာလိုမဟုတ်တဲ့ ကျေးလက်တောရွာတို့ဓလေ့အရ မနက် ၄ နာရီဆိုလျှင် အားလုံးကနိုးနေကြ​လေပြီ။

မနေ့ကတစ်ရက်လုံး အတော်လေးပင်ပန်းသွားရတဲ့ ခွန်စိုင်းဟာ အိမ်အောက်ဘက်ဆီက စကားသံတွေနဲ့အတူ လင်းကြက်တွန်သံကြားလိုက်ရတာမို့ နိုးလာခဲ့သည် ။

ခွန်စိုင်းဟာ ဧည့်သည်ဖြစ်သည့်အလျှောက် သူစိမ်းအိမ်မှာ နေမြင့်အောင်အိပ်ဖို့မသင့်တော်တာမို့ အိပ်ရာကထထိုင်လိုက်သည် ။ ခွန်စိုင်း နိုးလာတာနှင့်ခေါင်းရင်းပြတင်းတံခါးကိုကြည့်လိုက်တော့ ပိတ်ထားတာကြောင့်နည်းနည်းကြောင်သွားပေမယ့် အများကြီးမတွေးပဲ ပြတင်းတံခါးဖွင့်လိုက်သည်။ အပြင်ဘက်ဆီမှ အနည်းငယ်အလင်းရောင်ထွက်စပြုနေပြီမို့ ခွန်စိုင်း အညောင်းကြောဆန့်ကာ စောင်နဲ့ခေါင်းအုံးကိုသေချာသေသပ်စွာသိမ်းဆည်းပြီး ရေချိုးဖို့အတွက် ပုဆိုးတစ်ထည်အပိုယူကာ လိုအပ်တဲ့သွားပွတ်တံနှင့်ဆပ်ပြာတို့ကိုခွက်လေးနဲ့ကိုင်ပြီး အပြင်ဘက်ဆီထွက်လာခဲ့သည် ။

မနေ့ညကတည်းက ခွန်စိုင်းရေမချိုးရသေးတာမို့ နည်းနည်းနုံးချိပြီးသိပ်မလန်းဆန်းပေ။ အိမ်ဧည့်ခန်းမှာ ဘယ်သူမှမတွေ့တာကြောင့် အိမ်အနောက်ဘက်ရေစည်ရှိရာဆီသွားရန် အိမ်အောက်ဆင်းလာခဲ့သည် ။

မနေ့ညက ခွန်စိုင်း​ရောက်တဲ့အချိန်အတော်မှောင်နေတာကြောင့် ဘယ်နေရာမှာဘာရှိတယ်ဆိုတာ လိုက်မကြည့်မိ ။ အခုခါ အိမ်ရှေ့နေရာ​လေးတွင် လေးထောင့်ကျွန်းစားပွဲရှည် နှင့် ထိုင်ခုံရှည်တို့လည်းရှိနေသည်။ အိမ်ကိုနောက်ကျောပေး၍ ဘဘကြီးထိုင်နေပြီး မျက်နှာချင်းဆိုင်တွင် ခွန်စိုင်းအမေနဲ့အသက်တူတူလောက်ရှိတဲ့အမျိုးသမီးကြီးတစ်​ယောက်သဘက်​ခေါင်း​ပေါင်း၍ထိုင်ကာ ဘဘကြီးနဲ့စကားပြောနေသည် ။ ထိုအမျိုးသမီးကြီးက ခွန်စိုင်းဆင်းလာတာတွေ့တာနှင့်လှမ်းကြည့်ပြီးပြုံးပြလာတာမို့ ခွန်စိုင်းလဲပြန်ပြုံးပြ၍နှုတ်ဆက်လိုက်သည်။

" ဝေ့ လူလေး နိုးပလားကွ! "

" ဟုတ်ကဲ့ ဘဘကြီး "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now