အပိုင်း { ၁ }

76.2K 5.1K 268
                                    

               >>>>> ( Unicode ) <<<<<

1997 ခုနှစ် ရန်ကုန် ။

ရန်ကုန်မြို့အလွန်ရဲ့အေးချမ်းလှတဲ့ရက်ကွက်တစ်နေရာ၊ ဧကအကျယ်ကြီးမဟုတ်သော်ငြားလည်း ပန်းခြံဝန်းလေးသီးသန့်တည်ရှိပြီး ဗေဒါရောင်နှစ်ထပ်တိုက်ပုလေးမှာ အပြင်ကလှမ်းကြည့်ရင်းပင် စိတ်အေးချမ်းမည့်မြင်ကွင်း ။ ဒီအိမ်ရပ်ဝန်းလေးရဲ့ပတ်ပတ်လည်မှာများစွာသော ရောင်စုံပန်းခင်းတွေစိုက်ပျိုးထားခြင်းကြောင့် အေးချမ်းတဲ့နေရာလေးတစ်ခုအဖြစ်တည်ရှိနေသည် ။ ကောင်းမွန်တဲ့ပက်ဝန်းကျင်အနေအထားနဲ့ ရှိနေတဲ့ ဘေးပက်ဝန်းကျင်ဟာ တိတ်ဆိတ်လွန်းမနေသလို ဆူညံခြင်းလဲအလျှင်းမရှိ ။

ထိုအိမ်ရဲ့အပေါ်ထပ်ရှိအိပ်ခန်းတစ်ခန်းအတွင်းမှာနှစ်ခြိုက်စွာအိပ်မောကျနေသူ အမျိုးသားတစ်ယောက်ဟာ အိပ်ရေးပျက်ခြင်းတွေစုပေါင်းကာ ကုတင်ပေါ်တွင်မှောက်ခုံဖြင့်အိပ်မောကျနေလေသည် ။

ဒေါက် ..ဒေါက် !!

" သားရေ၊ ခွန်စိုင်း အခုထိအိပ်ရာမနိုးသေးဘူးလား၊ အော် ဒီကလေးနှယ့် "

အသက်၄၅ နှစ်အရွယ်ရှိ ဒေါ်နန်းယဥ်လှ သည် သူမ၏တစ်ဦးတည်းသော သားဖြစ်သူ ခွန်စိုင်းဟွမ်အား နှိုးရသည်မှာ ဒီနေ့တစ်မနက်ခင်းတည်းမဟုတ်။ သားငယ် အလုပ်ကညဘက်တွေအင်မတန်အိပ်ရေးပျက်လွန်းတဲ့အလုပ်မို့ မနက်ခင်းတွေမှာတော်ရုံနဲ့အိပ်ရာမထနိုင်ပေ။ ထို့ကြောင့် သားငယ်ဟာ မနက်ခင်းချိန်းဆိုထားတဲ့ကိစ္စတွေရှိတဲ့အခါဆိုရင် သူမအားကြိုပြောပြီးနှိုးခိုင်းတတ်ခြင်းကြောင့် ခုလိုမရမကနှိုးနေရခြင်းဖြစ်သည် ။

ဒေါက်! ဒေါက်!

" သား ခွန်စိုင်း ထတော့လေသားရယ်..သား ဒီနေ့ လွင်မိုးနဲ့စာမူသွားအပ်ရမယ်ဆို အချိန်နောက်ကျနေပြီနော် "

ထိုအခါမှ စောင်ခေါင်းမြှီးခြုံကာ အိပ်ပျော်နေတဲ့ ခွန်စိုင်းဟွမ်သည် မိခင်ဖြစ်သူ၏သတိပေးစကားနဲ့သူတဖက်မှာချိန်းထားတဲ့အလုပ်ကိစ္စကိုသတိရကာ ချက်ချင်းအိပ်ရာကငေါက်ခနဲ ထထိုင်လိုက်မိသည် ။

* သွားပြီ ဒီနေ့ အယ်ဒီတာချုပ်နဲ့ချိန်းထားသေးတာပဲ *

" နိုးပြီ မေမေရေ.. သား နိုးပြီ "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now