အပိုင်း { ၂၉ }

24K 2.5K 119
                                    

                             Unicode ။   

ရက်အနည်းငယ်ကြာသော်..။

အတော်လေးကောင်းမွန်လာပြီဖြစ်တဲ့ဒဏ်ရာတွေကြောင့် ခွန်စိုင်း အရင်လိုနာကျင်ကိုက်ခဲတာမျိုးမရှိတော့ပဲသက်သာနေ၏။ ဒဏ်ရာရနေစဥ်အတွင်းမှာနေရောညရောသောက်ရတဲ့ဆေးတွေနဲ့လိမ်းရတဲ့ဆေးတွေရဲ့ပူလောင်မှု့ကို ခွန်စိုင်း အတော်အီစိမ့်နေပါပြီ။

ခွန်စိုင်းအိပ်ရာကနိုးသည့်နှင့်နံဘေးနေရာဆီလက်စမ်းလိုက်သော် အေးစက်နေတဲ့အိပ်ရာအပြင်တစ်စုံတစ်ယောက်မရှိတဲ့နောက် ခွန်စိုင်းဘေးဘီကိုကြည့်ကာ အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်သည်နှင့်မျက်နှာသစ်၊ကိုယ်လက်သန့်စင်ပြီးနောက် အိမ်ရှေ့ခန်းဆီထွက်လာ၏။

" လူလေးနိုးပြီလားကွဲ့ "

" ဟုတ်ကဲ့ဦးကြီး။ နေတောင်အတော်ထွက်နေပြီ ကျွန်တော်ဒီရက်တွေအိပ်ရာထနောက်ကျနေတာပဲ "

​အားနာတဲ့အပြုံးနဲ့အတူ ကူးရယ်ဘေးမှာဝင်ထိုင်ရင်းပြောသည်။ ခွန်စိုင်း ရဲ့ရိုးသားတဲ့ပြုမှုပုံက ကူးရယ်တို့လိုတောင်ပေါ်ကလူတွေကိုသဘောကျစေ၏။

" လူလေးကနေကောင်းခါစလေရော်။ ပိုများများအိပ်သင့်တာပေါ့ ဘာမှအားမနာနေနဲ့နော့ "

ဦးကြီးကူးရယ်ပြောတာကို ခွန်စိုင်း ခေါင်းညှိမ့်ကာပြုံး၍လက်ခံသည်။ ထို့နောက် ခွန်စိုင်း နေစေးကိုခုထိမတွေ့သေးတဲ့အတွက်ဟိုဟိုဒီဒီလိုက်ရှာသော်လည်းမတွေ့သေးပေ။

" ဦးကြီး အက်ဒွက် ဘယ်သွားလဲဗျ "

ကူးရယ် ဟာ ခွန်စိုင်းကိုသူ့တူလေးအရင်းလိုသဘောထားတဲ့အပြင်လိမ်မာရေးခြားရှိတဲ့ခွန်စိုင်းကိုလည်းချစ်ခင်သည်။ ခွန်စိုင်း ဒဏ်ရာရပြီးရောက်လာတဲ့နေကတည်းက မနေ့ကထိတိုင် စောနေစေးမလစ်တာကြောင့်တစ်ချို့စကားတွေမမေးခဲ့ရဘူး ဒါ့ကြောင့် ဒီရက်မှာသူမေးမှဖြစ်မည်။

" နေစေး က သူ့အဖွဲ့တွေနဲ့အတူတောထဲခဏသွားတယ်ကွဲ့။ "

" အော် ဟုတ်လား။ "

" ဒါနဲ့ လူလေး "

" ဟုတ် ဦးကြီး "

" လူလေးကိုဦးကြီးမေးစရာလေးရှိတယ်ရော် "

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now