အပိုင်း { ၁၅ }

39.3K 3.8K 459
                                    

                           [ Unicode ]

" အာ့...ကျွတ် ကျွတ်.. နာ..နာတယ် "

" အရမ်းနာသွားလား..ကျုပ်ပိုညင်ညင်သာသာထည့်ပေးမယ်နော်.. "

" အာ့... ဖိမထည့်နဲ့လေလို့.."

" ခင်ဗျားလေးရယ်.."

ခွန်စိုင်းရဲ့ လက်တံတောင်ဆစ်ကပေါက်ပြဲသွားတဲ့ဒဏ်ရာကို နေစေးမှာဂရုတစိုက်နဲ့ဆေးထည့်ပေးနေခြင်းဖြစ်သည်။

မြို့ပေါ်တတ်ပြီး ဆေးကြိုဝယ်ထားပေးတတ်တဲ့ အယ်ထူးကို ဒီတစ်ကြိမ်တော့ကျေးဇူးတင်မိသည်။

နေစေးတို့တိုက်ပွဲအသေးစားဖြစ်တိုင်း အနည်းအကျဥ်းထိခိုက်ဒဏ်ရာရလာတိုင်း အယ်ထူးကနေစေးဒဏ်ရာကိုဆေးထည့်ကူပေးသည်။ နေစေးကိုယ်တိုင်သာဆိုရင် တောထဲကဆေးရွက်ကြီးတစ်ရွက်ကောက်ကြိတ်ပြီး ဘယ်ဒဏ်ရာဖြစ်ဖြစ်အနာအုံလိုက်တာများသည်။ အိမ်ကဒေါ်လေးတို့ကလည်းလူကြီးပီပီအိမ်မှာဆေးဆောင်ထားတတ်တော့ အယ်ထူးမြို့ကြီးသွားတိုင်းမှာတတ်သည်။

နေစေးသည် ကုတင်ခြေရင်းမှာ ဒူးတစ်ဖက်ထောက်ထိုင်၍ အိပ်ယာကုတင်ပေါ်မှာထိုင်နေတဲ့ လူကြီးလေး လက်ကိုဖြည်းဖြည်းသက်သာဆေးထည့်ပေးနေပေမယ့် လူကြီးလေးမျက်နှာကတော့မျက်ရည်စတွေနဲ့ နာကျင်နေဟန် ။

" ဒီဆေးထည့်ပြီးရင် ပတ်တီးခဏစည်းထားရမယ်..ခင်ဗျားလေးအရမ်းနာနေတာလား "

" ရပါတယ်..."

ရပါတယ် ပြောပြီး မျက်ရည်ကဗူးသီးလုံးလောက်ကျဆင်းနေတဲ့ ခွန်စိုင်းလေးကိုကြည့်ပြီး နေစေးရင်ထဲမကောင်းပေ။ နေစေးသည် ခွန်စိုင်းမျက်နှာလေးဆီလက်လှမ်းကိုင်၍ ကျနေဆဲမျက်ရည်စတွေကိုလက်မနဲ့သုတ်ပေးသည်။

" မငိုပါနဲ့ဗျာ...ခင်ဗျားငိုတာမြင်ရတာ ကျုပ်အတွက်ဘယ်လိုမှအဆင်မပြေလို့ပါ "

" ကိုယ်...မငိုပါဘူး၊ မျက်ရည်က သူ့အလိုလို...ဟင့်..ကျလာတာ "

အိပ်ခန်းအတွင်းမှာ ရေနံမီးအိမ်ရဲ့အလင်းနဲ့ ပြတင်းပေါက်ဆီကလရောင်အလင်းသာရှိပေမယ့် မကျဥ်းမကျယ်ဒီအခန်းလေးအတွက်တော့ ကောင်းစွာလုံလောက်သည်။ ထို့အတူ နေစေးမျက်နှာကိုကြည့်ပြီး ပြန်ဖြေလာတဲ့လူကြီးလေးရဲ့ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးကိုလည်းရှင်းလင်းစွာမြင်နိုင်သည်။

Saw Nay Say's Travel Blogger [ Completed ]Where stories live. Discover now