Part(1)

21.7K 281 6
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (1)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

(၅)နှစ်ကြာပြီးနောက်မှာ LS groupရဲ့စီးပွါးရေးအခြေအနေက အရင်ကထက်အဆပေါင်းများစွာပိုမိုတိုးတက်လာပါသည်။

ထို့အပြင် ကလေးနှစ်ယောက်ရပြီးသည့်တိုင် နာမည်ကြီးနေဆဲဖြစ်သည့် သူ့။ အခုထက်ထိ စီးပွါးရေးလောကမှာ ဘုရင်တစ်ဆူဖြစ်နေသည့်သူ့။

သူ့သင်္ကေတရဲ့ကျော်ကြားမှုက လူငယ်၊လူကြီးတွေကြားထဲမှာ တောက်ပနေဆဲပင်ဖြစ်သည်။
ထို့အပြင် သူ့သည် ဇနီးနှင့်ကလေးတွေကို အရမ်းချစ်တတ်သူဟုလည်း နာမည်ကြီးသည်။

အခုလည်း LS group၏ စားသောက်ကုန်လုပ်ငန်း ကိုရီးယားနိုင်ငံအတွင်းသို့ထိုးဖောက်ဝင်ရောက်နိုင်မှုကြောင့် ဂုဏ်ပြုလွှာ လက်ခံရန်အတွက် ပွဲတစ်ခုသို့ သူ့ရောက်ရှိနေခြင်းဖြစ်သည်။

"ဦးသူ့သင်္ကေတ "

"ဗျာ "

အသိမိတ်ဆွေများနှင့် စကားပြောရတာ ငြီးငွေ့လာ၍ တိတ်ဆိတ်တဲ့ဘက်ကိုလာနေကာမှ သူ့ကိုတွေ့ဖြစ်အောင်တွေ့သွားကြသေးသည်။

"ခဏနေ ဂုဏ်ပြုလွှာလက်ခံရဖို့ စင်မြင့်နောက်မှာ စောင့်ပေးပါဗျ"

"ဟုတ်ကဲ့ "

သူ့သက်ပြင်းတစ်ချက်ချလိုက်ရင်း ခဏကဝန်ထမ်းနောက်လိုက်လာခဲ့လိုက်သည်။

အမြန်အပြီးသတ်ပြီး ရာရာဆီပြန်ရမည်..အဟွန်း။

ဆုယူပြီး‌နောက် သူ့တစ်ဖန် ပွဲလယ်ထဲသို့ရောက်သွားရပြန်သည်။

"အစ်ကို "

နောက်ကျောဘက်ဆီမှ နူးညံ့လှသည့် အသံနဲ့အတူ မိန်းမလှလေးတစ်ယောက် သူ့ရှေ့ရောက်လာသည်။

"ကျွန်တော့်ကို ခေါ်တာလား "

"ဟုတ်ပါတယ်ရှင့် အရှင့်ထက် အသက်ကြီးမယ်ထင်လို့အဲ့လိုခေါ်လိုက်တာပါ အနှောင့်အယှက်များဖြစ်သွားလားရှင့် "

"ရတယ် အဆင်ပြေသလိုခေါ်ပါ "

အရှင်ဆိုသည့်မိန်းကလေးက လှပါသည်။ သို့ပေမဲ့ သူစိတ်မဝင်စား။ သူ့မှာ ရာရာရှိသည်။ ရာရာကိုသာစိတ်ဝင်စားသည်။ ထို့ကြောင့် ဖြစ်သလိုသာ ပြောလိုက်သည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now