Final Part-Part 32

9.8K 168 23
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

             💫 Final Part-Part(32)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ရေးရေးနဲ့အတူတူ မုန့်စားပြီး ရေးရေးကိုပါ ချော့သိပ်ရသည်။ ထို့ကြောင့် ရာရာညနေပိုင်း ကလေးတွေကျောင်းဆင်းခါနီးမှ အိမ်ပြန်ရောက်သည်။ ပေါ်တီရှေ့မှာ ကားရပ်ထားလိုက်ပြီး ကားပေါ်ကဆင်းသည်။ ထိုအချိန် ဘယ်ကမှန်းမသိတဲ့ခွေးနှစ်ကောင်က ရာရာ့ဆီကို ‌ဟောင်ပြီး‌ပြေးလာသည်။

"ဝုတ်...ဝုတ် "

"အား...မေမေရေ ဘယ်ကခွေးလဲ..."

ရာရာလျင်မြန်စွာ ကားတံခါးကိုပြန်ဖွင့်ပြီး ကားထဲဝင်ထိုင်ရသည်။ ခွေးနှစ်ကောင်ကလည်း ရစ်သီရစ်သီနဲ့ ကားနားမှာ တဝဲဝဲလည်။

"တောက်စ်...ဒင်းတို့တွေ..."

ရာရာ တစ်လလေးမရှိလိုက်တာနဲ့ ကလေးတွေ ဘယ်လောက်တောင် ပူဆာထားသည်မသိ။ sugar daddy ဦးသူ့က အလိုလိုက်အကြိုက်ဆောင်ထားပုံရသည်။

စိတ်တိုပြီး ဦးသူ့ဆီကို အားမှန်းမသိ၊မအားမှန်းမသိ သတိမရတော့ဘဲ ဖုန်းကိုဆက်တိုက်ဆက်နေမိသည်။

"ဟဲလို ဦးသူ့ ခွေးတွေက ဘယ်ကရောက်လာတာလဲ "

ကိုင်ကိုင်ချင်း တရစပ်အော်ပြီးမေးထည့်လိုက်သည်။ တစ်ဖက်က သူ့ ရာရာ့အော်သံကြောင့် နားပင်းသွားပုံပင်။ အစည်းအဝေးလုပ်နေတာကို ဒီမိန်းမတော့။ လူအများရှေ့မှာ သူ့ကိုအရှက်ခွဲနေတယ်။ ဝန်ထမ်းတွေကို လက်ကာပြလိုက်ပြီး ထရပ်ပြီး ‌နည်းနည်းဝေးရာကို သွားလိုက်သည်။ မဟုတ်ရင် သူမိန်းမကြောက်...အဲ ချစ်တာ သိသွားမှာပေါ့။

"ဪ ဟုတ်သားပဲဘေဘီရာ...ကိုယ်ပြောဖို့မေ့နေတာ မှိုင်းက ခွေးလေးတွေသဘောကျတယ်ဆိုလို့ ကိုယ်ဝယ်ပေးထားတာ "

"ရာရာကြောက်တယ်ဦးသူ့ရဲ့ ခဏက ရာရာ့ဆီကို ပြေးလာတာ ဘယ်လောက်တောင်လန့်သွားတယ်ထင်လဲ "

"နာမည်ခေါ်လိုက်ဘေဘီ...ပြီးတော့ ဘေဘီ့အနံ့အသက်ကို သူတို့ယဉ်ပါးပြီးသား မကြောက်နဲ့ "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now