Part(4)

4.9K 153 0
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (4)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

NICE ကလပ်...

"ဆာကူရာ..."

စားပွဲထိုးအလုပ်လုပ်နေရင်းမှ ခေါ်သံကြောင့် လှည့်ကြည့်မိတော့ သစ္စာရှင်ဖြစ်နေသည်။

"မသစ္စာရှင် "

ဦးသူ့ဇနီးလောင်းကိုတွေ့လိုက်ရတော့ ရာရာနေရခက်တာအမှန်ပင်။

"ဒီမှာ အလုပ်လုပ်နေတာလား "

မေးလိုက်သည့်ပုံက တုံးတိ။ မျက်နှာမှာလည်း အထင်သေးသည့်အကြည့်နဲ့ ရွံရှာသလိုပုံစံကြောင့် ရာရာ့မျက်နှာ ရေနွေးပူလို ပူလောင်သွားရသည်။

"မေးနေတာကို မဖြေတတ်ဘူးလား "

ရာရာ မျက်နှာထားကို ‌ပြန်ပြင်လိုက်သည်။ သစ္စာရှင်ကို ခပ်ပြုံးပြုံးပြန်ကြည့်ကာ..

"စားပွဲထိုးပါ တစ်‌စုံတစ်ယောက်က ဒါမျိုးလုပ်သင့်တယ်လို့အကြံပေးလို့ "

"အဟင်း ဒါဆို ဆက်လုပ်ပါ "

"ဦးသူ့ အဆင်ပြေလား "

"ဘာကိုပြောတာလဲ "

"ဦးသူ့ မသစ္စာရှင်ကို ဂရုစိုက်လားလို့မေးတာ"

"အဟင်း အစ်ကို့အကျင့်ကို (၇)နှစ်ကျော်နီးပါးအတူနေလာတဲ့နင်က မသိဘူးလား အင်းပေါ့လေ နင်ကတုံးတယ် ဘယ်လိုသိမှာလဲ ဓာတ်ပုံနဲ့ဟိုတယ်လိပ်စာပို့ပေးတာကိုတောင် အလွယ်တကူယုံခဲ့သေးတာပဲ မဟုတ်ဘူးလား ဆာကူရာ ဒါပေမဲ့ တို့လုပ်ရပ်ကြောင့် အစ်ကိုကံကောင်းသွားတာပေါ့ ဇနီးရဲ့မယုံကြည်မှုကိုရလိုက်တယ်လေ "

အဖြစ်မှန်ကို သိလိုက်ရတော့ အရင်ဆုံးအပြစ်တင်မိတာက ကိုယ်ကိုတိုင်ကိုပါပဲ။ ရာရာတစ်ကယ်ကိုတုံးအခဲ့တာပဲ။ ဦးသူ့ကိုမယုံဘဲ အပြစ်တင်ခဲ့တာ။

"အံ့ဩပြီး ဆွံ့အသွားတာက တို့ကိုမပျော်စေဘူးနော် ဆာကူရာ နင် အရမ်းခံစားနေရတာကိုမြင်မှ တို့ကပျော်တာ "

သစ္စာရှင်က ကျေနပ်အားရစွာနဲ့ အထဲကို ကျော့ကျော့မော့မော့ဝင်သွားသည်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now