Part(25)

3.5K 107 6
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (25)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

သုံးနာရီလောက် အကောင့်ကို လိုက်ရသည်။ ထိုအခါမှ ထိုအကောင့်ပိုင်ရှင်ကိုတွေ့ရသည်။ ထိုပို့စ်တင်တဲ့ Food bloggerဆိုသည့်တစ်ယောက်က အရင်တစ်ခါက ရာရာနဲ့ပြဿနာဖြစ်ခဲ့သည့် အမျိုးသမီးတင်ထားခြင်းဖြစ်သည်။

ထိုအမျိုးသမီးရောက်နေသည့်နေရာက ဈေးတန်းတစ်ခုမှာဖြစ်သည်။ ထိုအမျိုးသမီးဘေးဘေးသွားရပ်လိုက်တော့ ထိုအမျိုးသမီးက သူ့ကိုတွေ့တော့ လန့်သွားပုံရသည်။ ထိုအမျိုးသမီး၏နာမည်က နှင်းဆီနီ။

"မနှင်းဆီနီထင်တယ်"

"လူမှားနေပါတယ်"

"မမှားပါဘူး ကျွန်တော်တို့ ဆိုင်တစ်ဆိုင်မှာ စကားပြောကြမလား "

"ဟို...ကျွန်မ အလုပ်ရှိသေးလို့ "

နောက်ပြန်လှည့်ပြေးဖို့‌ပြင်တော့ နောက်မှာ ခြင်းကပိတ်ရပ်လိုက်သည်။ ထို့ကြောင့် ထွက်ပြေးဖို့လမ်းမရှိတော့ပါ။

"ဒုန်း..."

"ကျွန်မက Food bloggerတစ်ယောက်ပါ ဟိုတယ်ရဲ့အစားအသောက်ကို မှတ်ချက်ပေးတာ ကျွန်မလုပ်နေကျအလုပ်ပါ ဒီလိုပဲရှင့်ဟိုတယ်ကို မှတ်ချက်ပေးတာ လွန်သွားလား ကျွန်မက အမှန်အတိုင်းရေးတင်တာပါ "

"ခင်ဗျား ကျွန်တော်တို့ဟိုတယ်ကို လာစားတာ ပြဿနာဖြစ်ပြီးကတည်းက နောက်ဆုံးပါ အဲ့နောပ်ပိုင်း ထပ်ပြီးလာမစားပါဘူး ဘာလို့အခုမှတင်ရတာလဲ ဘယ်သူခိုင်းတာလဲ"

"..."

"ကျွန်တော် နောက်ဆုံးတစ်ခေါက်ထပ်မေးပါမယ် ဘယ်သူခိုင်းတာလဲ "

နှင်းဆီနီမျက်နှာပျက်နေပေမဲ့ အဆုံးထိငြင်းသွားဖို့ဆုံးဖြတ်ထားပုံရသည်။

"အဟား ရှင်တို့ကိုသည်းမခံနိုင်တော့ဘူး ရှင်တို့ကို တရားစွဲလိုက်လို့ရတယ်ဆိုတာ သိလား"

"ဒါဆို စွဲလိုက်ပါ ကျွန်တော်လည်း ဟိုတယ်နာမည်အ‌သရေဖျက်မှုနဲ့ပြန်ပြီးစွဲမှာပါ "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now