Part(6)

4.8K 150 0
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (6)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ကျွီ..."

ညဉ့်နက်နေပြီဖြစ်၍ တံခါးဖွင့်သံကအကျယ်ကြီး ထွက်‌ပေါ်လာသည်။ သို့သော် ပင်ပန်းနေကြ‌၍ ဘယ်သူမှ မနိုးလာကြပေ။

ခြေသံကို ဖွဖွလေးနင်းကာ ဦးတည်ရာက ဝန်ထမ်းတွေရဲ့ခဏတာနားဖို့ လုပ်ပေးထားတဲ့ထိုင်ခုံရှည်လေးပေါ်မှာ ‌ကွေးပြီး နှစ်ခြိုက်စွာအိပ်ပျော်နေသည့် ရာရာဆီသို့...

"အဟင့် "

တစ်ချက်တစ်ချက် ရာရာ့ဆီကနေ ရှိုက်သံထွက်လာသည်။ ပြီးတော့ ပါးပြင်ပေါ်မှာ အခုထိမခြောက်သေးသည့် မျက်ရည်စလေးတွေ။

မတ်တပ်ရပ်ပြီး ကြည့်နေသည့် သူ့။ လက်တွေက မျက်ရည်တွေကို သုတ်ပေးဖို့ ရာရာ့ပါးပြင်ဆီသို့။ ဒါပေမဲ့ လမ်းတစ်ဝက်မှာတင်ရပ်သွားသည်။

သူ့လက်ကိုပြန်ရုတ်သိမ်းလိုက်ရင်း စိတ်ရှုပ်စွာ မျက်နှာကို အကြောင်းမဲ့ ပွတ်သပ်လိုက်မိသည်။

မျက်လုံးတို့က ဝိုင်သောက်ထားသည့်အရှိန်ကြောင့် အနည်းငယ် ရီဝေနေသည်။

"ဦးသူ့..."

ရာရာ့ထံမှ ညည်းသံထွက်လာသည်။ အိမ်မက်မက်နေသည်ထင်သည်။ ရာရာ့လက်တွေက ဟိုယမ်းဒီယမ်းနဲ့ ချွေးစောတွေပါပြန်နေသည်။

"ရာရာ ဘေဘီ "

ခန္ဓာကိုယ်ကို လှုပ်နိုးလိုက်‌ပေမဲ့ ရာရာနိုးမလာခဲ့။ သို့သော် ရာရာ့လက်တွေက သူ့လက်ကို အားကိုးတကြီးဖမ်းဆုပ်ထားသည်။

"ဦးသူ့ မသွားပါနဲ့ "

"အင်း ကိုယ်မသွားဘူး "

သူ့ မရည်ရွယ်ပါပဲနှင့် ရာရာရဲ့မျက်နှာပေါ်မှာ တင်နေတဲ့ဆံနွယ်လေးတွေကို နားထင်နားသပ်တင်ပေးလိုက်မိသည်။

ရာရာမျက်လုံးဖွင့်ကြည့်လာသည်။ သို့သော် ခဏတာလေးသာ။ သူ့ကိုမြင်ပြီး ပြုံးပြကာ လက်ကို တင်းတင်းကိုင်လိုက်ရင်း ပြန်မှိတ်သွားသည်။ လက်ကိုဆွဲထုတ်လို့လည်း မရ။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now