Part(17)

3.8K 120 2
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (17)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

သူ့နဲ့ဟန်ပန် အစောဆုံးလေယာဉ်နဲ့လာခဲ့သဖြင့် ကိုးနာရီခွဲမှာ မြန်မာနိုင်ငံကိုရောက်သည်။ အိမ်ကိုပြန်လာတဲ့လမ်းတစ်ဝက်လောက်မှာ ရာရာပျောက်သွားတယ်ဆိုပြီးခြင်းဖုန်းဆက်လာသည်။

တော်သေးသည် သူ့က ရာရာ့ဖုန်းထဲမှာ GPSဖွင့်ထားပေး၍ ရာရာ့တည်နေရာကိုအမြန်ရှာတော့ ဆောင်းရဲ့အိမ်မှာဖြစ်နေသည်။ ခြင်းရှိနေသည့်နေရာထက် သူ့ရှိနေသည့်နေရာက ပိုပြီးနီး၍ သူ့တို့အရင်ရောက်လာခြင်းဖြစ်၏။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ညီမလေး "

ဟန်ပန်စိတ်မချစွာ နောက်ပြန်လှည့်ကြည့်တာမှန်သွားသည်။ ဟန်ပန်အပြေးသွားကာ အရှင်ရဲ့လက်ကို ဆွဲလိုက်ကာ သူ့နဲ့ရာရာရှေ့ကာလိုက်သည်။

"အင့် "

သစ္စာရှင်က သူ့ကိုထိုးဖို့ အားကုန်စိုက်ထား၍ အရှိန်မထိန်းနိုင်ဘဲဖြစ်ကာ ရှေ့မှာဝင်ခံလိုက်သည့် ဟန်ပန်ကိုထိုးမိသွားသည်။

"ညီ မ‌ လေး "

"မမ "

သူ့ကိုရည်ရွယ်ပြီးထိုးသည့်ဓားက ဟန်ပန်ကိုထိုးမိသဖြင့် အရှင်ကြောင်တောင်တောင်လေးဖြစ်သွားသည်။ ပြီးမှ လဲကျသွားသည့် ဟန်ပန်ကိုပွေ့ကာ...

"မမ "

"အွတ် အရှင် ညီမလေး "

"ဘာလို့လဲ ဘာလို့ဝင်ခံလိုက်တာလဲ မမဘာမှမဖြစ်နဲ့နော် မမဘာမှမဖြစ်ရဘူး "

"ညီမလေး အင့် "

ဟန်ပန့်ပါးစပ်က စကားပြောလိုက်၍ သွေးတွေအန်ထွက်လာသည်။

"မမ ခဏ ခဏလေး ဆောင်း ဆောင်း "

အရှင် ဂယောင်ချောက်ခြားဖြစ်ကာ ဆောင်းကိုခေါ်သည်။ သော့ကို အမြန်ယူပြီး တံခါးဖွင့်လိုက်သည်။

"ဆောင်း ဆောင်း လုပ်ပါဦး မမ မမကို ဓားထိုးမိသွားပြီ အဟီး "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now