Part(28)

3.4K 111 0
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (28)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

နောက်တစ်နေ့မနက် TV channel,သတင်းစာ ထိပ်စီးပိုင်းသတင်းမှာ LS groupရဲ့ ဥက္ကဌလွှဲပြောင်းခြင်းဆိုတဲ့ခေါင်းစဉ်နဲ့အတူ မင်းမင်းရဲ့ပုံရိပ်က လူအများကို အံ့အားသင့်စေသည်။

မနက်(၉)နာရီ...

သတင်းမှာ ချက်ချင်းပင် LS groupလွှဲပြောင်းတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ကယ်ဖြစ်လာ၍ သစ်သစ်လွင် အားရကျေနပ်သွားရသည်။ နောက်ဆုံးတော့ LS groupကို သူမပိုင်ပြီ။ နောက်ဆုံးတော့ LS groupမှာ သူ့မောင်က ဥက္ကဌဖြစ်လာပြီ။

"ဒယ်ဒီမြင်ရင်သိပ်ပျော်မှာ နောက်ဆုံးတော့ LS groupက မင်းမင်းပိုင်ဆိုင်‌ရပြီ "

ပျော်တဲ့စိတ်နဲ့ မနေ့ကဖမ်းလာသည့် ကလေးနှစ်ယောက်ကို ‌ကြည့်လိုက်တော့ အခုထိ မနိုးလာသေး။ ကြမ်းပြင်ပေါ်မှာ ခွေလျက်လှဲနေသည်။

သူမ နာရီကို တစ်ချင်ကြည့်လိုက်ပြီး အဝတ်အစားလဲသည်။ ခဏနေ LS groupကိုသွားရမယ်မလား။ ကိုယ့်မောင်ရဲ့ပွဲကို သွားကြည့်ရမှာပေ့ါ။

သစ်သစ်လွင် တက်တက်ကြွကြွပင် အဝတ်လဲပြီးထွက်လာသည်။ ပြီးနောက် ကလေးနှစ်ယောက်ကို ဝေ့ဝဲကြည့်ကာ မီးဖိုခန်းထဲဝင်ပြီး ဂတ်စ်မီးဖိုကို ဖွင့်လိုက်သည်။ ပြီးနောက် အိုးအလွတ်တစ်လုံးကို မီးပေါ်တင်ကာ ပြုံးလိုက်သည်။

နောက်နာရီဝက်ကြာရင် ဒီတိုက်တစ်ခုလုံး ပြာကျသွားတော့မှာ။ နာရီဝက်တောင်ကြာပါ့မလား မီးဖိုခန်းထဲကို ဓာတ်ဆီပါလောင်းထားတာဆိုတော့...အဟင်း

"ဘိုင့်ဘိုင် ကလေးလေး..."

"ဥက္ကဌ မမထွက်လာပြီ အဲ့နေရာက မမထွက်လာပြီ "

မင်းမင်း ခြေရာခံစက်က စပြီး အချက်ပြသည်နှင့် သူ့ကိုပြောလိုက်သည်။ မင်းမင်းပြောလိုက်သည့်တစ်ပြိုင်နက် သူ့ကားကို (...)တိုက်ရှေ့ရပ်လိုက်သည်။

အမှန်ဆို မနေ့ကတည်းက ဒီနေရာကိုလာချင်နေတာ။ အဆင့်မြင့်ဟိုတယ်ဖြစ်တာကြောင့် လုံခြုံရေးကပေးမဝင်ဘဲ မောင်းထုတ်ခံရမှာသေချာ၍ သူ့ငြိမ်နေခြင်းဖြစ်သည်။ မနက်ရောက်သည်ထိ တစ်ရေးမှမအိပ်ရသေးပေမဲ့ ကလေးတွေကိုစိုးရိမ်နေ၍ အခုထိ မျက်လုံးတို့က ပြူးနေဆဲပင်။

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now