Part(2)

6K 169 5
                                    

Unicode+ Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (2)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ခြင်း "

‌ဆေးရုံကပြန်လာတဲ့လမ်းမှာ တိတ်ဆိတ်နေပေမဲ့ အိမ်ပြန်ရောက်သည့်အခါမှ ဝိုင့်ဘက်မှစကားသံထွက်လာသည်။

"ဘာလို့လဲ ဝိုင် "

"ရာရာ...အဆင်ပြေပါ့မလား "

"ဘာကိုစိတ်ပူနေတာလဲ "

"ရာရာ အရင်ကလို ထပ်ပြီးသတ်သေရင်...."

ဝိုင်စကားဆက်မပြောနိုင်တော့ဘဲ မျက်လွှာချသွားသည်။

"ဝိုင်..."

ခြင်း ဝိုင်ရဲ့လက်ကိုဖွဖွဆုပ်ကိုင်ကာ...

"အရင်က ရာရာနဲ့ အခု ရာရာက မတူတော့တာ နင်သိတယ်မလား အစ်ကို့ကိုသူမယုံပေမဲ့ ကလေးတွေရှိသေးတယ် ရာရာတစ်ခုခုလုပ်ဖို့ဆုံးဖြတ်ရင် မှိုင်းနဲ့နေ့ကို ရာရာစဉ်းစားမှာပါ "

ဝိုင့်ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း ဆံပင်ပျော့ပျောလေးကို ပွတ်သပ်ပေးနေမိသည်။

"ဖေဖေ "

"မေမေ "

အခန်းထဲကနေ ခြင်းနဲ့ဝိုင်ရဲ့သားလေး ပိုင်ဆိုင်ခြင်းက အခန်းထဲကပြေးထွက်လာကာ သူတို့နှစ်ယောက်ရဲ့ ခြေတောက်ကို လာဖက်သည်။

"အဟင်း မေ့သားလေးကနိုးလာပြီလား "

"ဟုတ်ကဲ့ "

ခြင်းက ပိုင်ကို ပွေ့ချီလိုက်ရင်း ပါးတစ်ဖက်စီကို နမ်းလိုက်ကြသည်။

ခြင်းနဲ့ဝိုင်ရဲ့မိသားစုကမ္ဘာလေးက အရမ်းကို နွေးထွေးနေပါသည်။ နှိုင်းရဲ့နှလုံးသားလေးနဲ့အတူပေါ့။

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

ရာရာ သားဖွားမီးယပ်ဆောင်ရှေ့မှာ ရပ်နေတာ အတော်ကြာနေပါပြီ။ အထဲကိုဝင်သွားရမလား။ မဝင်ရဘူးလားဆိုတာ အခုထိဆုံးဖြတ်ချက်ချလို့မရသေးပါ။

"တောင်းပန်ပါတယ် ကလေးလေး အခုချိန်က ကလေးလေး မေမေဆီလာဖို့အခွင့်ကောင်းမဟုတ်ဘူး "

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now