Part(16)

3.7K 114 1
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (16)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

သူ့ ဆောင်းရဲ့ပထွေးကိုတွေ့အပြီးမှာ သစ္စာရှင်ရဲ့အကြောင်းကိုပါသိလိုက်ရ၏။ သစ္စာရှင်ရဲ့နာမည်အရင်းက Hitaruဖြစ်ပြီး အစ်မတစ်ယောက်ရှိသည်။ ထိုအစ်မရဲ့နာမည်က ဟန်ပန်သဝဏ်လွှာတဲ့လေ။

တောက်စ်...

"ဒုန်း..."

သူ့ကားစတီယာတိုင်ကို အကြိမ်ကြိမ်ထိုးသည်။ သစ္စာရှင်ရဲ့ရည်ရွယ်ချက်ကို သိလိုက်ရတော့ ကိုယ့်ကြောင့် ရာရာထိခိုက်ရပြန်တယ်ဆိုတဲ့စိတ်က သူ့ကိုသူဒေါသထွက်စေသည်။

"ဟန်ပန် ငါမင်းကို ဒီတိုင်းမလွှတ်ထားဘူး တောက်စ်..."

သူ့ဖုန်းဖွင့်ကာ ခြင်းဆီဆက်သည်။

"ဟဲလို ခြင်း "

"အစ်ကို သစ္စာရှင်လွှတ်သွားတယ်တဲ့"

"ဘာ...တောက်စ် "

"ကျွီ..."

ကားကို အလောတကြီးလမ်းဘေးထိုးရပ်လိုက်သည်။ သစ္စာရှင်သာ လွှတ်နေရင် ရာရာကို တစ်နည်းမဟုတ် တစ်နည်း ဒုက္ခပေးမှာ အမှန်ပင်။
သူ့စိတ်ကို အတတ်နိုင်ဆုံးလျှော့ချကာ ဖုန်းကိုပြန်ကိုင်လိုက်ရင်း...

"ငါအခု ဟန်ပန်ကို ခေါ်ပြီး မြန်မာပြည်ကိုအမြန်ဆုံးပြန်လာမယ် အဲ့ဒီအချိန်ထိ ရာရာကိုစောင့်ရှောက်ပေးပါ ခြင်း ရာရာ့ကိုအပြင်ပေးမထွက်ပါနဲ့ ဖြစ်နိုင်ရင် ဝိုင်ကို ရာရာနဲ့အမြဲတမ်းအတူတူနေပေးခိုင်းပါ "

သူ့အသံက စိုးရိမ်မှုကြောင့် တုန်ရီနေသည်။ စိတ်ကို ထိန်းထားပေမဲ့ ရာရာသာထိခိုက်သွားမယ်ဆိုတဲ့အတွေးနဲ့တင် သူ့အမြန်ဆုံး ရာရာရှိရာပြန်ချင်မိ၏။

"စိတ်ချပါ အစ်ကို ရာရာကို ကျွန်တော်ဂရုစိုက်မှာပါ"

"ကျေးဇူးခြင်း "

သူ့ဖုန်းကိုချလိုက်ရင်း ဦးတည်ရာက ဟန်ပန်ရှိနေသည့် ‌နေအိမ်သို့...

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now