Part(27)

3.5K 102 2
                                    

Unicode+Zawgyi

❣️ဦး ဖန် တီး သော အ ချစ် သ င်္ကေ တ❣️

                💫Season 2💫

                  💫Part (27)💫

~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~❣️~

"ဘေဘီ "

"ရှင် "

"ထိခိုက်လာတာလား "

"ဘာကိုလဲ ဦးသူ့ "

"ဒီမှာ သွေးတွေ..."

ဦးသူ့က ရာရာရဲ့အပေါ်ထပ်ကုတ်အင်္ကျီမှာ စွန်းထင်နေသည့် သွေးကွက်ကို ပြသည်။

"ဪ..ထိခိုက်တာ ရာရာမဟုတ်ဘူး ဦးသူ့ရဲ့ ကောင်လေးတစ်ယောက်ထိခိုက်တာ ဝင်ကူရင်းသူ့သွေးတွေပေလာတာ"

"ကောင်လေး?..."

သူ့က မျက်မှောင်ကြုတ်ပြီးမေးလာသည်။ ရာရာသဘောကျစွာ ရယ်လိုက်မိသည်။ ကလေးနဲ့တောင် သဝန်တိုနေတာလား။

"ကလေးလေးပါ အခုမှ အသက်က(၁၅)နှစ်ပဲရှိသေးတာပါ ဦးသူ့ရဲ့ "

"အသက်(၁၅)နှစ်ကလည်း မင်းကိုကြိုက်ချင်ကြိုက်မှာပေါ့"

"မဟုတ်ပါဘူးဆို ရာရာက ကလေးနှစ်ယောက်အမေပါဆိုတာလည်း ပြောပြခဲ့တယ် "

"ဟုတ်လား "

သူ့က အေးအေးစက်စက်အသံနဲ့ ပြန်ပြောသည်။
တစ်ကယ်ပါပဲ သဝန်တိုစရာလူမရှိတော့ ကလေးငယ်လေးနဲ့သဝန်တိုနေတယ်။ စက်သွေးသျှန်က မှိုင်းကိုချိန်တာလို့ ထပ်ပြောရင် ဦးသူ့သွေးတိုးလောက်သည်။ မိန်းမကိုတောင် သဝန်တိုနေတာ။ သမီးဆို ပိုဆိုးမှာပေါ့။

ဦးသူ့သဝန်တိုတဲ့ရုပ်ကို မြင်ယောင်မိလာသည်။ ရာရာသဘောကျလွန်းသွား၍ ပြုံးမိသွားသည်။ ဒါကို သူ့ကမြင်ပြီး မေးသည်။

"ဘာရယ်တာလဲ "

"သဘောကျလို့ ဦးသူ့သဝန်တိုတဲ့ပုံစံက အရမ်းအရမ်းကိုချစ်ဖို့ကောင်းလို့ "

"အဟွန်း "

ရာရာ အသည်းပုံစံလေးကို လက်နှစ်ဖက်နဲ့လုပ်ပြကာ ချစ်စရာပုံစံလုပ်ပြသည်မလို့ သူ့ပြုံးသွားသည်။

"ဦးသူ့ပြုံးတာ အရမ်းဆွဲဆောင်မှုရှိတာပဲ"

"ကိုယ်ကားမောင်းနေတာနော် ကိုယ့်ကို မဆွဲဆောင်နဲ့ ဒီနေရာမှာတင် ဘေဘီ့ကိုဖမ်းစားပြစ်မှာ"

ဦးဖန်တီးသောအချစ်သင်္ကေတ/ဦးဖန်တီးသောအချစ်သ‌င်္ကေတ (Season 2)[Completed]Where stories live. Discover now