MBF 1

13.6K 1K 120
                                    

"Kim Taehyung...Taehyung na"

Taehyung ကျောင်းဆင်းချိန်အတန်းထဲမှာရှိနေတုန်း သူ့နာမည်ကိုအခန်းပေါက်ဝနေခေါ်လာတဲ့လူကြောင့် စိတ်ညစ်သွားသည်...

(ကျစ်..ဒီကောင်ဘယ်လိုတောင်ခေါင်းမာတာလည်း)

အတွေးတောင်မဆုံးသေးဘူးသူ့နားရောက်လာတဲ့သူကြောင့်မျက်ခုံးတွေတွန့်ချိုးကာမော့ကြည့်လိုက်သည်..ဘေးဘီဝဲကြည့်တော့အတန်းမဆင်းသေးဘဲ သူတို့ကိုစပ်စပ်စုစုကြည့်နေတဲ့အတန်းဖော်တွေ...

စပ်စုချင်ကြမှာပေါ့အခုရောက်လာတဲ့သူက နာမည်ကြီးကျောင်းသား Jeon Jungkook ဖြစ်နေသည်ကိုး...

ဒါတွေဘယ်လိုစဖြစ်လာမှန်းမသိပေမယ့် အခုလိုဖြစ်တာတစ်ပတ်လောက်ပဲရှိသေးသည်...

Taehyung ကအထက်တန်းနောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်...တစ်ယောက်တည်းနေရတာသဘောကျသည်.. သူ့ပုံစံကဦးမုတ်ခွက်ကေလေးကိုမှပါဝါမပါတဲ့မျက်မှန်အဝိုင်းကြီးကတပ်ထားသေးတာကြောင့် ဘယ်သူမှလည်းသူနဲ့သူငယ်ချင်းမဖြစ်ချင်ကြ...အထက်တန်းရောက်မှSeoul ကိုပြောင်းလာခဲ့ခြင်းဖြစ်ပြီးအခုထိသူငယ်ချင်းမရှိခဲ့...

နောက်ဆုံးနှစ်ရောက်မှJungkook တစ်ယောက်ဘာစိတ်ကူးပေါက်မှန်းမသိ သူငယ်ချင်းဖြစ်ချင်တယ်လို့ပြောပြီးတကောက်ကောက်လိုက်ကာနောက်ယှက်တော့သည်..Taehyung ကလူစိတ်ဝင်စားခံရတာသဘောမကျတာကြောင့် Jungkook ကိုသူငယ်ချင်းလုပ်ဖို့ငြင်းပယ်ခဲ့သည်...Jungkook ကအားကစားရောရုပ်ရည်ပါအပြစ်ပြောစရာမရှိ...စာမှာလည်းအတော်ကြီးမဟုတ်ပေမယ့် ထိပ်ဆုံး၁၀ယောက်ထဲတော့အမြဲဝင်သည်...ထိုအချက်တွေကြောင့်ပဲ Jungkook ကသူတို့ကျောင်းမှာနာမည်ကြီးသည်..

Taehyung ရဲ့ပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်တဲ့အကျင့်ကြောင့် Jungkook ကိုမမြင်ဖူးပေမယ့်သတင်းတွေအရ နာမည်ကြီးကြောင်းသိသည်...သူ့ကိုလာမိတ်ဆက်တဲ့နေ့တုန်းကဆိုအစပိုင်းကြောင်နေပေမယ့် ဘေးကကောင်မလေးတွေအော်လိုက်တဲ့နာမည်ကြောင့် သူပင်လန့်သွားရသေးသည်...မလန့်ဘဲနေမလားနာမည်ကြီးတဲ့ကျောင်းသားက ကိုယ်နဲ့သူငယ်ချင်းဖြစ်ချင်တယ်ဆိုပြီးလာမိတ်ဆက်တာကိုး...

MAY BE FRIEND (Complete)Where stories live. Discover now