MBF 13

7.6K 808 115
                                    

"မင်းတို့ဘာလာလုပ်တာလဲ"

Taehyung မကျေမနပ်ပုံစံနဲ့မေးလိုက်သည်..

"ငါတို့လည်းညစာလာစားတာလေ Canteen ကပဲစားနေရတာငြီးငွေ့လာလို့တခါတလေအပြင်ထွက်စားတာ ဟုတ်တယ်မလား Jimin "

"ဟုတ်တာပေါ့ ဟုတ်တာပေါ့ဟဲဟဲ"

Jungkook အပြောကိုJimin ကပါထောက်ခံပေးသည်..

"ဆိုင်တွေအများကြီးကို ဘာလို့ဒီဆိုင်မှလဲ "

"ငါတို့တကယ်မင်းရှိမှန်းမသိဘူး မင်းကိုလှမ်းမြင်လိုက်လို့လာလိုက်တာ "

Jungkook ကတအံ့တသြပုံစံနဲ့ပြောလိုက်သည်..Taehyung မယုံပေမယ့် သူဘာပြောလို့ရမှာတဲ့လည်း..

"အဲ့တာဆိုလည်းတခြားနေရာသွားထိုင် Noona ကိုအားနာစရာကြီး"

"မထိုင်ပါဘူးမင်းရှိနေတာပဲကို ပြီးတော့Yoona Noona ကလည်းတခြားသူမှမဟုတ်တာ....ဟုတ်တယ်မလား Noona...ကျတော့်တို့ဒီမှာပဲအတူထိုင်လိုက်မယ်နော် "

Taehyung ကိုပြောရင်း Yoona ဘက်ကိုပါတဆက်တည်းလှည့်ပြောလိုက်တဲ့Jungkook...Yoona ကတော့အင်တင်တင်နဲ့ပင်...

"ရ..ရပါတယ် အသိတွေပဲဟင်း..ဟင်း"

သူမကမရဘူးဆိုလည်း စိတ်ထားသေးသိမ်တဲ့သူလို့အထင်ခံရဦးမယ်..Taehyung သူငယ်ချင်းတွေဆိုတော့ ပိုငြင်းရခက်သည်..Taehyung နဲ့နှစ်ယောက်တည်းရှိမယ့်အစီစဥ်တော့ ပျက်သွားပြီပေါ့...

Jungkook ကအသားကိုအတုံးလေးတွေလှီးပြီး Taehyung ရှေ့ကမလှီးရသေးတဲ့အသားပန်းကန်နဲ့လဲလိုက်သည်..Taehyung ကဘာမှတော့မပြော လှီးပြီးသားအသားတုံးလေးတွေကိုခရင်းနဲထိုးကာစားနေသည်..ဒါကလည်းTaehyung အတွက်အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ..သူတို့အတူစားတိုင်း Jungkook ကဘေးကနေအမြဲလုပ်ပေးနေကျပင်..

Yoona အတွက်တော့နည်းနည်းထူးဆန်းနေတာကြောင့်သူမ အံ့သြမိသည်..

စားသောက်ပြီးသွားတော့ သူတို့တွေထွက်လာခဲ့ကြသည်..

Yoona အိမ်ကကျောင်းနဲ့နီးတာကြောင့်သူမကအဆောင်မနေ...Taehyung ကYoona ကိုလိုက်ပို့ပေးချင်တဲ့အကြောင်းပြောလိုက်သည်..Yoona ကလည်းမငြင်းဘဲ လက်ခံသည်..ထဖောက်တဲ့သူက Jungkook နဲ့ Jimin ပင်..သူတို့ပါလိုက်မယ့်အကြောင်းပြောသည်..Taehyung ကိုစိတ်မချဘူးဆိုပြီး..

MAY BE FRIEND (Complete)Where stories live. Discover now