MBF 12 ⚠

9.6K 833 128
                                    

Taehyung ပြေးသွားတဲ့ဘက်ကိုလိုက်ရှာပေမယ့် Jungkook မတွေ့...ကျောင်းဝန်းထဲပတ်ရှာပြီးမှ အဆောင်ဘက်ကိုပြန်လာခဲ့လိုက်သည်..

အဆောင်ရှေ့မှာတွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် Jungkook မျက်မှောင်ကျုံ့လိုက်မိသည်..ကောင်မလေးတစ်ယောက်နဲ့စကားပြောနေတဲ့ Taehyung..တချက်တချက်ရှက်တဲ့အမူအယာနဲ့ရီနေလိုက်သေးသည်..သူ့မှာတော့ ကျောင်းဝန်းထဲပတ်ရှာလိုက်ရတာ..သူ(TH)ကတော့ဒီမှာကောင်မလေးနဲ့လာကြည်နေတယ်...

Jungkook ခြေထောက်ကိုထော့နဲ့ထော့နဲ့လုပ်ပြီး သူတို့နားကိုလျှောက်သွားလိုက်သည်...

[A/N..အကယ်ဒမီဆုရှင် ဖြောင်းဖြောင်း😂]

"Taehyung.."

Taehyung ကထော့နဲ့ထော့နဲ့ဖြစ်နေတဲ့ Jungkook ကိုစိုးရိမ်တကြီးကြည့်လာသည်...

"Jungkook မင်းခြေထောက်ကဘယ်လိုဖြစ်သွားပြန်တာလည်း..မနက်ကအဲ့လောက်မဆိုးပါဘူး"

"အွန်းဟုတ်တယ်လေ..ဒါပေမယ့်ဘယ်သူလည်းမသိပါဘူး ငါ့ပေါ်ခုန်တက်လိုက်တာခြေထောက်ကပြန်နာလာတာပဲ "

Taehyung နားရွက်ဖျားလေးတွေရဲသွားသည်..Jungkook ကောင်မလေးကိုမျက်နှာကိုမြင်တော့အံ့သြသွားသည်...သူအဲ့အမကိုသိသည်..သူတောင်တခါလိုက်ဖူးပေမယ့် ချေခံလိုက်သည်လေ..အရင်စိတ်နဲ့ဆိုမရရအောင်လိုက်မှာပေမယ့် ရင့်ကျပ်လာလို့ထင်သည်ကိုယ့်ကိုမ​ကြိုက်ရင်စိတ်မဝင်စားတော့..

"Jungkook မင်းလာတာနဲ့အတော်ပဲ..အမYoonaက ငါတို့လေးယောက်ကိုကျောင်းမဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ချင်လို့တဲ့ "

Taehyung ကစကားလမ်းကြောင်းလွှဲကာပြောလိုက်သည်...

"ငါစိတ်မဝင်စားဘူး..မင်းလဲမရိုက်ရဘူး ဟိုနှစ်ကောင်ကိုရိုက်ခိုင်းလိုက်"

ပုံမှန်ဆိုလက်ခံဖို့အပန်းမကြီးပေမယ့် Yoona နဲ့ Taehyung ကအရမ်းရင်းနှီးနေတဲ့ပုံကြောင့် Jungkook သဝန်တိုပြီးလက်မခံချင်...Taehyung က Yoona ကိုအားနာသွားကာ..

"Ya..မင်းမရိုက်တာကဟုတ်ပြီ ဘာလို့ငါပါမရိုက်ရမှာလဲ.."

"မသိဘူး..ငါမပါရင်မင်းလဲမရိုက်ရဘူး "

MAY BE FRIEND (Complete)Where stories live. Discover now