MBF 21

6.5K 710 61
                                    

August လရောက်ပြီဖြစ်လို့ 2nd semester အတွက်ကျောင်းပြန်ဖွင့်ပြီဖြစ်သည်..

Jungkook ကအဆောင်ဝင်ဖို့ Taehyung အိမ်ကိုလာကြိုပြီးမှအတူသွားကြသည်..အထုတ်တွေကို JK အဖေရဲ့ Driver နဲ့ထည့်လိုက်ပြီးသူတို့ကတော့ဆိုင်ကယ်နဲ့သွားမှာဖြစ်သည်..

Jungkook တစ်ယောက် Taehyung နဲ့နှစ်ယောက်အတူသွားဖို့ပြင်ထားပေမယ့်...Taehyung ကအရင်ကလည်း Jimin နဲ့အတူသွားတာမို့လို့ သူ့(JM)ကိုရောဝင်ခေါ်ပေးဖို့ပြောသည်..Jungkook ကချောင်ချောင်ချိချိ Driver နဲ့လိုက်သွားပါလို့ပြောတာကို ဒင်းကသူ(Jk)နဲ့ Taehyung ကြားမှာကပ်သပ်ကာလိုက်လာသည်..အခုတော့ သုံးယောက်ပူးကြီးအဆောင်ကို ဆိုင်ကယ်စီးလာရတော့သည်..Jimin ကတမင်သက်သက်လုပ်မှန်းသိပေမယ့် Taehyung မျက်နှာကြောင့် Jungkook မှာဘာမှမပြောရဲ..

အဆောင်ရောက်တော့လည်းအိတ်ချပြီးတာနဲ့ကိုယ့်အခန်းကိုယ်မနေဘဲ Taehyung ဆီလိုက်လာသည်..ကျောင်းဖွင့်ရင်အတိုးချကြည်နူးဖို့လုပ်ထားတဲ့ Jungkook အစီစဥ်လေးကပျောက်သွားရတော့သည်..အခုလည်း Taehyung ကုတင်ကိုသူ့(JM)အိပ်ယာအတိုင်းပဲလဲပြီးPh သုံးနေသည်..

"Tae..အဲ့ကောင်ကိုပြန်လွှတ်လိုက်တော့ "

"ဘာလို့ပြန်ရမှာလဲ ငါကTaehyung ဆီလာတာ မင်းဆီလာတာမှမဟုတ်တာ"

"မင်းမှာအခန်းမရှိလို့လား..ငါတို့အိပ်တော့မှာသွားတော့ "

"နေ့ခင်းကြီးရှိသေးတာကွ "

"နေ့လည်မအိပ်ရဘူးလို့ ဘယ်သူကသတ်မှတ်ထားလို့လဲ..သွားစမ်းပါမင်းရဲ့ Suga ဆီပဲ "

"ီးကိုမင်းရဲ့ Suga ပါ့လား..ငါနဲ့သူကဘာမှမဆိုင်ဘူး"

Taehyung ကြားထဲကနေဘယ်လိုဝင်ပြောရမှန်းမသိဖြစ်နေသည်..တဖက်ကသူငယ်ချင်းတဖက်ကချစ်သူဖြစ်နေသည်လေ..

"မဟုတ်လို့လား..ဂျယ်ဂျူမှာတုန်းကမင်းတို့.."

"မင်းပါးစပ်ကိုပိတ်ထားတော့ Jungkook.."

Jimin ရှက်တာရောဒေါသထွက်တာကြောင့်ပါ မျက်နှာတစ်ခုလုံးရဲတွတ်နေသည်..သူရဲ့ရှက်စရာကောင်းတဲ့အဖြစ်အပျက်ကြီးကို Taehyung ကိုပေးမသိစေချင်ဘူး.ဂျယ်ဂျူတုန်းကအကြောင်းကိုစဥ်းစားမိရင် Jungkook ကိုကော Suga ကိုရောသူ(JM)မုန်းသည်..

MAY BE FRIEND (Complete)Where stories live. Discover now