MBF 11

7.9K 836 83
                                    

Jungkook ကိုဆေးလိမ်းပြီးပတ်တီးစည်းနေတဲ့ Taehyung...Jimin အသံကြောင့်နှစ်ယောက်လုံးလှည့်ကြည့်လိုက်သည်...

"Jimin? "

Jimin နောက်ကနေဝင်လာတဲ့ Suga..Jimin သူ့ရဲ့အထင်နဲ့တခြားစီဖြစ်နေတာကြောင့် အနည်းငယ်ရှက်စိတ်ဝင်သွားရသည်..Suga ကဟက်ခနဲတချက်ရယ်ပြီး Jimin နား နားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်သည်..

"Jimin na...မင်းအတွေးတွေကမှောင်လိုက်တာနော် "

Jimin ကSuga ဘက်ကိုဂျိုကြည့်ကြည့်ကာ..

"ခများရောဘာထူးလို့လည်း.. ခများကကျတော်ထက်ပိုတောင်မှောင်သေးတယ် ဟွန့်.."

တိုးတိုး တိုးတိုးနဲ့ပြောနေတဲ့ နှစ်ယောက်ကို Taehyung ရော Jungkook ပါနားမလည်သလိုလေးကြည့်နေကြသည်..ဝင်လာတုန်းကနဲ့အခြေနေတခြားဆီဖြစ်နေတာကိုး..

"Jimin...မင်းတို့ဘာတွေပြောနေကြတာလည်း "

"Arnyi..ဘာမှမဟုတ်ဘူး..ဒီမှာမင်းတို့နှစ်ယောက်တည်းလား ကျောင်းဆရာဝန်ကရော "

"ငါတို့ဝင်လာတော့ ဘယ်သူမှမရှိဘူးလေ..အဲ့တာနဲ့ငါလည်းတတ်သလောက်မှတ်သလောက်ဆေးစည်းပေးနေတာ..ဟဲဟဲ "

"Ya...မင်းပြောတော့အရင်ကခနခနလုပ်ဖူးတယ်ဆို "

Jungkook ကTaehyung စကားကြောင့်လန့်သွားရှာသည်...Taehyung ကအပြစ်လုပ်ထားတဲ့မျက်နှာလေးနှင့်...

"ငါ့Yeontanလေး ဒဏ်ရာရရင်စည်းပေးနေကျပဲကို "

"Yeontan ကဘယ်သူလည်း"

Jungkook မျက်နှာကအလိုမကျစွာမှုန်ကုတ်လျှက်မေးလာသည်..

"သူခွေးလေးလေ အရမ်းအဆော့သန်တာ"

Jimin ကဖြတ်ပြောလိုက်သည်...Jungkook ကမယုံကြည်နိုင်စွာဖြစ်သွားပြီး...

"Kim Taehyung... မင်းခွေးကိုစည်းပေးသလို ငါ့ကိုလာလုပ်ပေးနေတယ်လို့တော့မပြောနဲ့နော်.."

"ဟဲဟဲ...တောင်းပန်ပါတယ်ငါလူကိုမလုပ်ပေးဖူးတော့ "

"မင်းကိုကသူ့ကိုယုံတာခံပေါ့...လာလာဆေးရုံသွားကြမယ် "

Jimin ကဖြတ်ပြောလိုက်တာကြောင့် Jungkook မှာထပ်တောင်ရန်မတွေ့အားတော့...သူလည်းခြေထောက်တော်တော်နာနေပြီလေ..သူတို့တွေကားငှားပြီးဆေးရုံလာခဲ့ကြသည်..

MAY BE FRIEND (Complete)Where stories live. Discover now