MBF Final Part 1

7.4K 698 138
                                    

"မင်းငါ့အပေါ် ဘာလို့လုပ်ရက်ရတာလဲ Jimin "

Taehyung အသံကနည်းနည်းမာနေသည်..Jimin နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်..Taehyung အမှန်တရားကိုသိသွားနိုင်တယ်ဆိုပေမယ့် ဒီလောက်မြန်မြန်သိသွားလိမ့်မယ်လို့မထင်မိခဲ့..

"မင်းကိုငါမေးနေတယ်လေ Jimin..မင်းအတွက်ပျော်ဖို့ကောင်းလား..ငါခံစားနေရတာတွေကရယ်စရာကောင်းနေလို့လား..ငါညတိုင်းငိုနေတာကို မင်းသိရက်နဲ့မင်းကွာ..တကယ်ပဲမင်းကငါ့သူငယ်ချင်းတောင်ဟုတ်ရဲ့လား "

Taehyung အသံကကျယ်လာပြီးနောက်ဆုံးစကားလုံးပြောတော့အသံကသိမ်ဝင်သွားရသည်..Jimin ရဲ့မတုန်မလှုပ်ပုံစံက Taehyung ကိုပိုပြီးဒေါသထွက်စေသည်..

Jungkook နဲ့ Suga တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာအခုအခြေအနေကိုနားမလည်ဖြစ်နေသည်..Taehyung နဲ့ Jimin အရင်ကစိတ်ကောက်စိတ်ဆိုးဖြစ်ဖူးကြပေမယ့် ဒီလောက်ထိအခြေနေမတင်းမာဖူးခဲ့..Jungkook က Taehyung ဘေးမှာရပ်လိုက်ပြီး Suga က Jimin ရဲ့ဘေးမှာရပ်လိုက်သည်..ဘယ်သူပဲမှားမှားသူတို့ကတော့ သူတို့ကောင်လေးဘက်ကနေရပ်တည်ဖို့အဆင်သင့်ဖြစ်နေကြသည်..

"Taehyung na.ငါမင်းကိုခံစားစေဖို့မရည်ရွယ်ပါဘူး..ဒါပေမယ့်ငါ့အပေါ်သူတို့လုပ်ခဲ့တာတွေကိုရော ငါကဒီအတိုင်းကျေပေးလိုက်ရမှာလား..ငါရဲ့ပထမဆုံးကိုအကြိမ်ကို ငါမချစ်တဲ့သူကိုပေးခဲ့ရတာ ငါ့မှာနာကြည်းခွင့်မရှိဘူးလား "

"မင်းမချစ်တဲ့သူဆိုတာ သေချာရဲ့လား Jimin "

ဘယ်သူ့ကိုရည်ရွယ်လဲဆိုတာ ဒီမှာရှိတဲ့လူလေးယောက်လုံးသိနှင့်ပြီးသားပင်..Taehyung ကတော့ Jungkook ပြောလို့သိခဲ့တာပင်..အဲ့တာကြောင့် Jungkook နဲ့သူ(Th)တွဲနေတယ်ဆိုတာ ပြောဖို့ပိုပြီးတွန့်ဆုတ်ခဲ့ရသည်..Taehyung သိသိချင်း Jimin ကိုတောင်းပန်ခိုင်းပေမယ့် Jungkook ကသူတို့ချစ်သူဖြစ်သွားပြီဆိုတာပြောပြီးမှ တောင်းပန်လိုက်မယ်လို့ကတိပေးပြီးသားဖြစ်သည်..

Taehyung စကားကြောင့် Jimin မျက်နှာအနည်းငယ်ပျက်သွားသည်..Suga ကိုမသိမသာကြည့်မိတော့ မျက်ဝန်းတွေကဝမ်းနည်းရိပ်သမ်းနေတာကိုတွေ့လိုက်ရသည်..Jimin သူ့အတ္တကိုရှေ့တန်းတင်ပြီးထိုအရာကိုလစ်လျူရှုလိုက်သည်..

MAY BE FRIEND (Complete)Donde viven las historias. Descúbrelo ahora