MBF⚠ 19 ⚠

9.7K 722 77
                                    

Jungkook ရဲ့အခန်းထဲကိုရောက်တော့ Taehyung ခနကသူချွတ်ခဲ့တဲ့အဝတ်အစားတွေမတွေ့တော့...

"Jungkook..ငါ့အဝတ်တွေတွေ့သေးလား "

အခန်းထဲဝင်လာတဲ့ Jungkook ကို Taehyung မေးလိုက်သည်..

"လျှော်မယ့်ခြင်းထဲထည့်လိုက်ပြီ..."

"Ya...အဲ့တာဆိုငါကဘာဝတ်ရမှာလဲ "

"ကိုယ်တို့နှစ်ယောက်တည်းရှိတာကို..ဘာမှမဝတ်ထားရင်တောင် ကိုယ်ပဲကြည့်မှာပါ "

နှုတ်ခမ်းကိုလျှာသပ်ကာပြောလိုက်တဲ့ Jungkook..

"တိတ်စမ်း..အခုချက်ချင်းမင်းအကျီထုတ်ပေး "

Taehyung ဟောက်လိုက်မှ Jungkook မျက်နှာငယ်လေးနဲ့သူ့အဝတ်တွေထုတ်ပေးလာသည်..Taehyung သူ့ကိုယ်သူ Jungkook နဲ့ခန္ဓာကိုယ်တူတယ်လို့ထင်ထားပေမယ့် တကယ်တန်း Jungkook အကျီဝတ်လိုက်တော့သူ(TH) နဲ့ဖားဖားကြီးဖြစ်လို့နေသည်..လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့မလုပ်တဲ့သူကွာခြားချက်ကို Taehyung အခုမှနားလည်သွားရသည်..Jungkook ကကျောင်းမှာရှိတဲ့ Gym club ထဲလဲဝင်ထားသေးသည်လေ..

Jungkook ကအောက်ခံဘောင်းဘီအသစ်တထည်နဲ့ Tshirt အမဲကိုသာထုတ်ပေးသည်..
[A/N... Suga သူငယ်ချင်းလို့မပြောရဘူး အကြံတူတွေ🌚]

အကျီလည်ပင်းပေါက်ကကျယ်နေတာကြောင့်ပခုံးပေါ်လည်းဆွဲဆွဲတင်ရသေးသည်..မသိရင်တမင်လည်ပင်းကျယ်တဲ့အကျီထုတ်ပေးထားသလိုပင်..Jungkook အကျီတွေကအဲ့လောက်တောင်ရှားတယ်လား..သူ့အိမ်လည်းမဟုတ်တာကြောင့် Taehyung အတွန့်တက်မနေတော့..

ဒါပေမယ့်ဘောင်းဘီကတော့လိုသေးသည်လေ.. Tshirtကလည်းဖင်လုံရုံသာရှိတာကြောင့် Taehyung ရဲ့ပေါင်တံသွယ်သွယ်လေးတွေကအတိုင်းသားပေါ်နေသေးသည်..

"ဘောင်းဘီရော "

"အဲ့တာတွေကTaeနဲ့မတော်လောက်ဘူး..ဒီတိုင်းလည်းအဆင်ပြေတာပဲကို "

"Ya..ငါကဒီတိုင်းအိမ်ပြန်ရမှာလား "

"Tae ကနေမကောင်းတဲ့သူကိုတစ်ယောက်တည်းထားခဲ့ရက်တယ်ပေါ့...အဟွတ်..အဟွတ်..အပြင်ထွက်လိုက်လို့ထင်တယ်ခေါင်းကနည်းနည်းကိုက်လာသလိုပဲ "

Jungkook ကသူ့နားထင်ကိုကိုင်ကာဆိုဖာပေါ်ထိုင်ချလိုက်သည်...Taehyung စိုးရိမ်သွားပြီး Jungkook ဘေးဝင်ထိုင်လိုက်ကာ...

MAY BE FRIEND (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ