MBF 17

6.8K 757 90
                                    

Taehyung တို့ရေချိုးအဝတ်အစားလဲပြီးအောက်ထပ်ဆင်းလာတော့ Tae အဖေနဲ့အမေကထမင်းစားစားပွဲမှာထိုင်စောင့်နေကြသည်..

သူတို့နှစ်ယောက်Tae အဖေနဲ့အမေရဲ့ မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်..ခနကအဖြစ်အပျက်ကြောင့် Taehyung မှာသူ့အမေကိုတည့်တည့်မကြည့်ရဲ..

"Jungkook လေးထည့်စားနော် အားမနာနဲ့ကိုယ့်အိမ်လို့ပဲသဘောထား "

Tae အမေရဲ့စကားကြောင့် Taehyung မှာမျက်လုံးပြူးကာသူ့အမေကိုကြည့်ပြီး..

"Omma...ခနကOmma ထင်သလိုမဟုတ်ဘူးနော်..သားခလုတ်တိုက်သွားလို့သူ့ပေါ်လဲကျသွားတာ "

"အွန်းပါ..Omma ကဘာပြောလို့လဲ Jungkook လေးအားနာနေမှာဆိုးလို့ပြောပေးတာပါ "

Tae Omma ကပြုံးတုံးတုံးနဲ့ပြောလာမှ Taehyung ပိုတောင်ရှက်သွားရသေးသည်..သူကပဲအိုးမလုံအုံပွင့်ဖြစ်နေသည်မလား..Jungkook များသူ့လိုနေရခက်နေမလားလို့လှည့်ကြည့်မိတော့ သူ့(TH)ကိုပြုံးပြီးတောင် နူးနူးညံ့ညံ့ကြည့်နေလိုက်သေးသည်..

"မင်းကဘာကြည့်နေတာလည်း စားစရာရှိတာစား "

Taehyung ရှက်ရမ်းရမ်းပြီး Jungkook ကိုဟောက်လိုက်သည်..

"သား..Taeလေးသူငယ်ချင်းကိုဘယ်လိုတွေပြောနေတာလည်း သူကဒီမှာဧည့်သည်လေ "

Tae အဖေကမျက်နှာတည်တည်နဲ့ဆူလိုက်မှ Taehyung နှုတ်ခမ်းကပိုတောင်ဆူထွက်လာသည်..

"ရပါတယ်..Taehyung ကတခါတလေကျတော့်အပေါ်ကလေးဆန်နေကျပဲကို "

Jungkook အပြောကြောင့်မယုံကြည်နိုင်စွာလှည့်ကြည့်လိုက်တဲ့ Taehyung..

(အော်ဟော..ငါက ကလေးဆန်တယ်..တကယ်ကလေးဆန်တာကဘယ်သူလဲ..သူကပဲပြောရတယ်ရှိသေး ဟမ့်)

Taehyung ပြန်ပြောဖို့ပါးစပ်လေးဟတုန်းရှိသေး Tae အမေက Jungkook ကိုဟင်းတွေခပ်ထည့်ပေးပြီး..

"အိုက်ဂူး..များများစားနော် Tae လေးဆိုးတာကိုအများကြီးခံခဲ့ရရှာမှာ.."

"Nae Ommonie..."

(အမယ်..အမယ်..အတိုင်အဖောက်တွေညီနေလိုက်ကြတာ..တကယ်သားအရင်းကဘယ်သူလဲ)

MAY BE FRIEND (Complete)Where stories live. Discover now