MBF 15

7.5K 753 80
                                    

Taehyung နည်းနည်းတော့ထူးဆန်းနေသည်..အရင်ကဆိုJimin ကသူ့ကိုတစ်ယောက်တည်းပေးမသွားတာများတယ်လေ..အခုတော့သူ့(JM)အတွက်ပါပိုလည်ခဲ့ဖို့ပြောလာသည်..

Taehyung Jimin ဆီသွားရမလားစဥ်းစားပေမယ့် ပြန်အိပ်မယ်လို့ပြောထားတာကြောင့် အနှောက်အယှက်မဖြစ်စေချင်လို့ပြန်လာမှပဲသွားဖို့ဆုံးဖြတ်လိုက်တော့သည်..

Taehyung မနေ့ညကသူ့ဘေးမှာအိပ်တဲ့သူက Jungkook မှန်းသိသည်..Jungkook သူ့ကိုဖွင့်ပြောတာလည်းကြားပေမယ့် မသိချင်ယောင်ဆောင်ပြီး မနက်နိုးလာတော့ Jungkook ကိုမေးလိုက်တာပင်..Jungkook အဖြေကိုမယုံလို့ Jimin ကိုထပ်မေးတော့အမှန်တကယ်ပင် မူးပြီးအခန်းမှားဝင်သွားပုံရသည်..

Jungkook ကရေချိုးခန်းထဲဝင်သွားပြီဖြစ်တာကြောင့် Taehyung အဝတ်အစားမြန်မြန်လဲလိုက်သည်..

ခနကြာတော့ Jungkook အောက်ပိုင်းကိုသဘက်ပတ်ပြီး ရေချိုးခန်းထဲကထွက်လာသည်..

"Taehyung ငါ့ကိုအဝတ်အိတ်လေးသွားယူပေးပါလား "

"မင်းတို့အခန်းထဲသွားလဲလေ ဘာလို့ယူမှာလဲ.."

Taehyung ကPh ကြည့်နေလျှက်ပင်ဖြေလိုက်သည်..

"ငါကအကျီးချွတ်ကြီးနဲ့သွားရမှာလား...ငါကရှက်တတ်တယ် "

Jungkook ကသူ့အပေါ်ပိုင်းလေးကိုလက်လေးနဲ့ကာပြီးပြောနေတာကြောင့် Taehyung မဲ့ရွှဲ့ပြလိုက်သည်..

(အော်..ရှက်တတ်တယ်ပေါ့..ရေကူးကန်မှာတုန်းကအရှက်မရှိကြွက်သားတွေထုတ်ကြွားတတ်တာ ဘယ်သူလဲ ဟန့်)

"ရွှံစရာတွေမလုပ်စမ်းနဲ့ သွားယူပေးမယ်..."

Taehyung ကအခန်းထဲကနေထွက်ပြီး မျက်နှာချင်းဆိုင်ကအခန်းကိုတံခါးခေါက်လိုက်သည်..

"Jimin na..Suga Hyung ခနလောက်တံခါးဖွင့်ပေးပါဦး Jungkook ရဲ့အဝတ်အစားအိတ်လေးယူချင်လို့ "

ဘယ်နမိနစ်လောက်မှတောင်မကြာလိုက် တံခါးပွင့်လာပြီး Suga က Jungkook ရဲ့အိတ်ကိုအပြင်ထုတ်ပေးလာသည်...

"ရော့ ဒါပဲမလား"

" Jimin ရောပြန်အိပ်သွားပြီလား"

"အွန်း...သွားတော့"

ပြောပြီးတာနဲ့ Sugaကတံခါးကိုပြန်ပိတ်သွားသည်..Taehyung မှာအထဲကိုတောင်လှမ်းကြည့်ချိန်မရလိုက်...

MAY BE FRIEND (Complete)Where stories live. Discover now