MBF⚠ 14 ⚠

8.8K 768 113
                                    

[⚠⚠⚠ Warning အကြီးကြီးပေးပါတယ်..
အသက်မပြည့်သေးတဲ့သူတွေမျက်လုံးမှိတ်ပြီးဖတ်ပေးကြပါ 🙄🙄⚠⚠⚠]

Jimin အခန်းထဲဝင်လာတော့ မီးမဖွင့်ထားတာကြောင့်အခန်းကမှောင်နေသည်..သူမီးခလုတ်ကိုလိုက်စမ်းပေမယ့်ရှာမတွေ့..မူးလည်းမူးနေတာကြောင့် စိတ်မရှည်တော့တာနဲ့လရောင်ကိုအမှီပြုပြီးပဲ ကုတင်ပေါ်လာခဲ့တော့သည်..

မူးနေတဲ့အချိန်မို့လို့ထင်သည်သူ့စိတ်တွေကအရမ်းကိုရဲတင်းနေသည်..ခေါင်းမူးခြုံပြီးအိပ်နေတဲ့သူဆီကနေ စောင်ကိုဆွဲဖယ်လိုက်သည်..မူးနေလို့လားမသိ လရောင်အောက်က Taehyung ရဲ့ဆံပင်ကအလင်းပြန်နေသလိုဖြူနေတယ်လို့ထင်နေမိသည်..

Jimin နောက်ကနေအိပ်နေတဲ့သူနားကိုတိုးကပ်လိုက်ပြီးခါးကိုဖက်လိုက်သည်..

Suga သူ့ခါးပေါ်ရောက်လာတဲ့ Jimin ရဲ့လက်ပေါ်ကနေအုပ်မိုးကာကိုင်လိုက်သည်..ဒီကောင်လေးဒီလောက်ရဲတင်းနေတာ သူ့ကိုTaehyung လို့ထင်နေပုံရသည်..

"Taehyung na..မအိပ်သေးဘူးလား "

Jimin ရဲ့အသံလေးက ဆွဲဆောင်မှုတွေပါနေတယ်လို့ Suga ခံစားရသည်..သူ့ကိုTaehyung လို့ထင်နေတာကြောင့်နည်းနည်းတော့ခံပြင်းမိသည်..ဆွဲလှည့်ပြီးချက်ချင်းတက်လုပ်လိုက်ရင်မကောင်းရှိတော့မည်..သို့ပေမယ့် Suga သူ့စိတ်တွေကိုချုပ်တီးကာ Jimin ဆက်ပြောလာမှာကိုအသံတိတ်လေးနားစွန့်နေလိုက်သည်..

"Taehyung na..ငါဒီနေ့မှငါ့ခံစားချက်တွေမဖွင့်ပြောရဘူးဆိုရင် မင်းJungkook နောက်ကိုပါသွားတော့မယ်လို့ခံစားနေရတယ်..

အဲ့တာကြောင့်ငါဒီနေ့နည်းနည်းပိုသောက်လောက်ခဲ့တယ်..ငါအဲ့တာမှမင်းကိုဖွင့်ပြောနိုင်မှာမို့လို့..မင်းဘက်ကငါ့ကိုသူငယ်ချင်းလိုပဲသဘောထားတာသိပေမယ့် ငါ့ဘက်ကမင်းအပေါ်မရိုးသားနိုင်ခဲ့ဘူး..

ငါမင်းကိုစတွေ့တည်းကကြိုက်ခဲ့တာ..မင်းကမင်းကိုယ်မင်းကြည့်မကောင်းဘူးထင်ပေမယ့် ငါ့မျက်လုံးထဲမှာမင်းကချစ်စရာအကောင်းဆုံးပဲ..အစကဒီတိုင်းမင်းဘေးမှာရှိရုံနဲ့လုံလောက်ပြီထင်ခဲ့ပေမယ့် ငါအခုတော့မထိန်းချုပ်ချင်တော့ဘူး..ငါတကယ်မင်းကိုအများကြီးကြိုက်တယ် Taehyung.."

MAY BE FRIEND (Complete)Where stories live. Discover now