MBF 18

6.9K 728 71
                                    

အိမ်ရောက်တာနဲ့ချက်ချင်း Jungkook ဆီကို Taehyung messageပို့လိုက်သည်..

...Jungkook မင်းနေမကောင်းဘူးလား...

တော်တော်ကြာသည်ထိ Jungkook ဆီကစာပြန်မလာတာနဲ့ Taehyung စိတ်ပူလာသည်..ခါတိုင်းသူစာပို့ရင် Jungkook ဘက်ကချက်ချင်းreply ပြန်တတ်တာလေ..နောက်ဆုံး Taehyung သူ့မာနတွေကိုခဝါချပြီး Jungkook ဆီ Ph ခေါ်လိုက်သည်..

ပထမတစ်ခါခေါ်တော့ Ph မကိုင်ဘဲဒုတိယတစ်ခါခေါ်မှ  Jungkook က Ph ကိုင်သည်..

"Jungkook..ဘာလို့ငါ့စာကိုပြန်မဖြေတာလဲ..အရမ်းနေမကောင်းဖြစ်နေတာလား "

Taehyung စိုးရိမ်တကြီးမေးလိုက်ပေမယ့် Jungkook ဘက်က လေသံတိုးတိုးလေးနဲ့မကျေနပ်သံလေးထွက်လာသည်..

"ငါနေမကောင်းလည်း ဘာအရေးလဲ..မင်း Blind Date ကပိုအရေးကြီးတာပဲကို "

Instagram က Post ကိုမြင်ပြီး Jungkook စိတ်ကောက်နေပုံရတယ်လို့ Taehyung တွေးမိလိုက်သည်..

"အာ...မင်းPost ကိုမြင်သွားတာပဲ..ငါမလိုက်ချင်ပါဘူး Jimin ကအတင်းခေါ်လို့ပါကွာ "

"အော်.... မင်းမျက်နှာကတော့ Blind date လုပ်နေတာအရမ်းပျော်နေတဲ့ပုံပဲ "

"ဓာတ်ပုံရိုက်တာမျက်နှာသေကြီးမှထားလို့မရတာကို..မင်းကသက်သက်ရစ်နေသလိုပဲ "

"အရစ်မခံချင်ရင်လည်း Ph မဆက်နဲ့ပေါ့ "

"မင်းနေမကောင်းဘူးဆိုလို့လေ.."

"ငါနေမကောင်းဖြစ်ပြီးသေသွားတော့ပိုတောင်ကောင်းသေးတယ်မလား..မင်းကိုနှောက်ယှက်မယ့်သူမရှိတော့ဘူးလေ"

"Ya.....ဘာစကားတွေပြောနေတာလဲ.. မင်းသေသွားတော့ငါကဘယ်သူ့ကိုအဖြေသွားပေးရမှာလဲ "

Taehyung လွှတ်ကနဲထွက်သွားပြီးမှသတိထားမိသွားသည်..

"ဟမ်...Taehyung မင်းတကယ်ပြောတာလား ငါ့ကိုအဖြေပေးတော့မှာလား "

"မင်း...မင်းနေကောင်းပျောက်မှ ဆက်ပြောမယ် "

"အဟွတ်...အဟွတ်...အင်းပါ.."

ချောင်းဆိုးသံလေးနဲ့အတူထွက်လာတဲ့ Jungkook ရဲ့သနားစဖွယ်အသံလေးကြောင့် Taehyung ပိုတောင်စိတ်ပူလာသည်..

MAY BE FRIEND (Complete)Where stories live. Discover now