MBF 4

8.4K 982 147
                                    

Jungkook သူသတိရနေတဲ့သူကသူ(JK)မေ့မေ့ပျောက်ပျောက်ဖြစ်နေတဲ့အချိန်မှာပေါ်လာတာကြောင့် စိတ်ဆိုးရသလိုပျော်လည်းပျော်မိသည်...

Jungkook ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပြီးဆိုင်ကယ်ပေါ်ကဆင်းကာTaehyung ရှိရာကိုပြေးပြီးအားကုန်ဖက်ချလိုက်သည်...

"အရမ်းလွမ်းနေခဲ့ Taehyung...ဘာလို့ငါ့ကိုအဆက်အသွယ်ဖြတ်သွားရတာလည်း"

Jimin မျက်နှာကအလိုမကျစွာတွန်းချိုးနေသည်...Taehyung လည်းအစကကြောင်သွားမိသည်...နောက်မှသူJungkook ကိုတွန်းလိုက်ပြီး...

"ဘာတွေလာရောင်းနေတာလည်း..ငါမင်းကိုမသိဘူး"

Jungkook အံ့သြသွားသည်...သူလူမှားတာလား..မဖြစ်နိုင်ဘူးဘာလို့လည်းဆိုတော့ Taehyung ရဲ့ပြုံးရင်ဖြစ်သွားတတ်တဲ့ Boxy Smile လေးနဲ့နှာခေါင်းပေါ်ကမှည့်လေးရယ် ဘယ်ဘက်ပါးပြင်ကမှည့်တွေကသက်သေပင်...Taehyung မျက်နှာက Jungkook ကိုမျက်မှောင်ကြုံ့ကာကြည့်နေသည်...

(ဘာလို့ငါ့မျက်လုံးထဲမှာ Taehyung ကိုလှတယ်လို့မြင်နေရတာလည်း..စိတ်ထိန်းစမ်းJungkook..သူကယောကျာ်းလေးဟ)

"Jimin မင်းကတော့ငါ့ကိုမညာဘူးမလား "

Jimin ဘက်ကိုလှည့်ပြီးပြောလိုက်တဲ့Jungkook..

"သူကမသိဘူးဆိုမသိဘူးပေါ့ အချိန်ကုန်တယ်ငါတို့သွားရအောင်.."

Taehyung လက်ကိုဆွဲကာအထုတ်ကြီးအထုတ်ငယ်နဲ့ထွက်သွားတဲ့ Jimin...

Jungkook သိလိုက်ပြီဖြစ်သည်သူ့ကိုနှစ်ယောက်လုံးကတမင်မသိချင်ယောင်ဆောင်သွားတာပင်...

"ကြည့်ကြသေးတာပေါ့ကွာ..ဘယ်ချိန်ထိမသိချင်ယောင်ဆောင်နေမှာလည်းလို့ မင်းတို့ကငါ့ကိုသူငယ်ချင်းစာရင်းကတောင်ထုတ်လိုက်ကြပြီးပေါ့...Hk ငါဆိုတဲ့Jungkookကလည်းလွယ်လွယ်နဲ့အလျော့ပေးစရာလား...စောင့်နေTaehyung ငါမင်းအနားကိုပြန်လာမှာမို့လို့ "

Jungkook တကယ်တော့Jimin ကိုပိုဒေါသဖြစ်သည်...သူ့ရဲ့Taehyung ကိုလုယူသွားတယ်လို့ခံစားရလို့ပင်...

Jungkook နဲ့တော်တော်ဝေးဝေးကိုရောက်မှ Taehyung ရပ်လိုက်ပြီး...

"လန့်သေတော့မှာပဲ အဲ့ကောင်Jungkookဘယ်လိုလုပ်ဒီမှာရှိနေရတာလည်း...သူအရင်ကဆေးဘက်ဆိုင်ရာသွားမှာလို့ပြောဖူးသလားလို့ "

MAY BE FRIEND (Complete)Where stories live. Discover now