MBF 16

7.2K 758 206
                                    

Jungkook က Taehyung အကျီအောက်ကနေ သူ့(TH)ဗိုက်သားတွေကိုလျှက်လိုက်စုပ်လိုက်လုပ်နေသည်..နည်းနည်းလေးတောင်သနားလို့မရတဲ့ကောင်လို့ Taehyung တွေးလိုက်သည်...

"Ya...Jungkook တော်တော့မင်းဘာတွေလုပ်နေတာလည်း "

အကျီအောက်ကနေ Jungkook ခေါင်းလေးပြန်ထွက်လာပြီး..

"Taehyung na..ခနကငါ့အတွက်Gay ဖြစ်ပေးနိုင်တယ်ဆိုတာ တကယ်လား"

"အဲ့တာက..အဲ့တာကစကားအဖြစ်ပြောတာလေကွာ"

"ငါ့ကိုကြိုက်လား Taehyung "

Jungkook ရဲ့မျက်လုံးလေးတွေကသိချင်စိတ်ကြောင့်တောက်ပနေသည်..

(အွန်း..ငါမင်းကိုကြိုက်တယ်..ဒါပေမယ့်မင်းငါ့ကိုလှည့်စားမှာကြောက်တယ်..တစ်ခါအသုံးချခံရဖူးတဲ့သူက နောက်တစ်ခါအသုံးချခံရမှာကြောက်တာ ငါမလွန်ဘူးမလား..) Jungkook မျက်နှာကိုငေးကြည့်လျှက်ပင် Taehyung စိတ်ထဲကပြောနေမိသည်...

"မင်းမအိပ်သေးဘူးလား "

Taehyung စကားလမ်းကြောင်းလွှဲလိုက်သည်..

"ငါမေးတာအရင်ဖြေဦးလေ "

"ထတော့... မင်းကိုယ်ကြီးကလေးလိုက်တာ ငါအိပ်ချင်ပြီ.."

Taehyung မဖြေချင်မှန်းသိလို့ Jungkook ဆက်မမေးဖြစ်တော့...သူ့ကို Taehyung မယုံရဲသေးဘူးဆိုတာသိသည်..ဒါလဲသူ့အမှားတွေမို့လို့ Taehyung ကိုအပြစ်တော့မဆိုရက်...

"ငါမအိပ်ချင်သေးဘူးငါတို့Uno ဆော့ရအောင်လေ..နေ့လည်ကလမ်းမှာတွေ့လို့ဝယ်လာတယ် "

"အွန်း..ခနဆော့ကြမယ်လေ "

Jungkook က Taehyung ပေါ်ကထပြီး Uno ထုတ်ကိုသူ့အိတ်ထဲကထုတ်လာခဲ့သည်..သူတို့တွေအိပ်ချင်ရင်တစ်ခါတည်းအိပ်လို့ရအောင် ကုတင်ပေါ်မှာပဲဆော့လိုက်ကြသည်.ကြေးကတော့ရှုံးတဲ့သူကိုနိုင်တဲ့သူကနှာဖူးတောက်မယ်လို့ သတ်မှတ်လိုက်ကြသည်..

Taehyung က Uno ကောင်းကောင်းမကစားတတ်တာကြောင့် တဖြည်းဖြည်းသူ့လက်ထဲမှာကဒ်တွေကများလာသည်..

"ငါနိုင်ပြီ"

Jungkook ကကဒ်တွေအများကြီးနဲ့ Taehyung ကိုကြည့်ကာအူမြူးနေသည်..

MAY BE FRIEND (Complete)Where stories live. Discover now