MBF 2

8.2K 901 169
                                    

Taehyung မနေ့ကရောဒီနေ့ရောပါ်မလာတဲ့ Jungkook ကြောင့်တစ်ယောက်တည်းစိတ်ကောက်နေမိသည်...အရင်တစ်ပတ်လုံးသူ့ကိုသူငယ်ချင်းဖြစ်ချင်ပါတယ်ဆိုပြီးတစ်ကောက်ကောက်လိုက်ခဲ့တဲ့သူကအခုမှပျောက်ချက်သားကောင်းနေသည်လေ...

ကျောင်းပြန်လာတော့ မကြည်နေတဲ့စိတ်ကိုပြေလိုပြေညားသူကျောင်းပိတ်ရင်လာနေကျ Game ဆိုင်မှာအချိန်ခနဖြုန်းလိုက်သည်..TaehyungကGameဆော့ပေမယ့် ကျောင်းစာနဲ့Gameကိုဘယ်တော့မရောထွေး.အကန့်နဲ့သာကစားသည်..စားအရမ်းကြိုးစားနေတာလည်းမဟုတ်တော့ Top 10 ထဲမဝင်သလိုဘိတ်ဆုံးကျောင်းသားလည်းမဖြစ်ခဲ့...

ရုပ်ရည်နဲ့ပတ်သတ်လို့သူ့ကိုယ်သူလည်းတစ်ခါမှဂရုမစိုက်ခဲ့ဖူး...မှန်ကိုတောင်မျက်စိရှေ့ပေါ်လာမှကြည့်တတ်တဲ့သူ..Daegu မှာတုန်းကသူငယ်ချင်းထားဖူးပေမယ့် တကယ်တော့သူနဲ့သူငယ်ချင်းဖြစ်ချင်ကြတာမဟုတ်ဘဲ သူ့သူငယ်ချင်းSoyoung ကြောင့်ဆိုတာနောက်မှပြောပြပြီးသူ့ဆီကရှောင်ဖယ်သွားကြသည်ချည်းသာ...အဲ့တာကြောင့်နောက်ပိုင်းသူငယ်ချင်းထားဖို့တောင်သူ့အတွက်ခက်ခဲလာခဲ့ခြင်းဖြစ်သည်..

Jungkook ကတော့သူ့အပေါ်စိတ်ရင်းအမှန်နဲ့လို့ယုံကြည်ချင်သည်...Soyoung ကလည်းဒီမှာမရှိတာကြောင့်သူမျှော်လင့်လို့ရတယ်မလား တကယ့်သူငယ်ချင်းတွေလိုလေ...

Game ခနလောက်ဆော့ပြီးတော့ Taehyung အိမ်ပြန်ခဲ့သည်..ညနေစောင်းနေပြီဖြစ်တာကြောင့်နဲနဲတော့မှောင်နေသည်..

Taehyungခါတိုင်းညဘက်တစ်ယောက်ထဲမပြန်ဖူးတာကြောင့်ဒီလောက်လူပြတ်မှန်းမသိခဲ့...တိတ်ဆိတ်လွန်းတာကြောင့် ကိုယ့်ခြေသံကိုယ်ပြန်ကြားနေတဲ့အထိပင်..

'ရှပ်...ရှပ်...'

သူ့ခြေသံပါမကပဲ နောက်ထပ်ခြေသံတစ်ခုပါကပ်ပါလာသလိုခံစားရတာကြောင့် Taehyung တောင့်ခဲသွားသည်..ကျောင်းမှာကောင်မလေးတွေပြောပြောနေကြတဲ့ခြေသံသရဲအကြောင်းကိုတွေးမိသွားတာကြောင့်ပင်...နောက်ကိုလည်းလှည့်မကြည့်ရဲတာကြောင့် သူ့ခြေလမ်းကိုထပ်မြန်စေလိုက်သည်...ထိုခြေသံကလည်းသူသွားတဲ့နှုန်းအတိုင်းထပ်ကြပ်မကွာလိုက်လာတာကြောင့် Taehyung ဇောချွေးတွေပါပြန်လာရသည်...

MAY BE FRIEND (Complete)Where stories live. Discover now