MBF 22

5.9K 689 35
                                    

Taehyung ရဲ့စကားတွေကြောင့် Jungkook ခနလောက်ဆွံ့အသွားရသည်..သို့ပေမယ့်သူ့စိတ်ထဲမှာ Taehyung သူ့(JK)ကိုစိတ်ဆိုးနေလို့ပြောတယ်လို့တွေးလိုက်မိသည်တော့ပြုံးမိသွားသည်..သူ့ကောင်လေးကကောက်စိန်လေးပဲကို..Jungkook နောက်ကနေ Taehyung ရဲ့ခါးလေးကိုဖက်လိုက်ပြီး Tae ပခုံးပေါ်မေးတင်လိုက်ကာ..

"အိုက်ဂူးကိုယ့်ရဲ့ Tae လေးကအများကြီးစိတ်ကောက်နေတာပဲ...ဒီနေ့ဘာနေ့လဲသိလား "

Taehyung ခနကငိုထားတာတောင် ထပ်ထွက်ချင်လာတဲ့မျက်ရည်တွေကြောင့်နှုတ်ခမ်းကိုကိုက်ထားမိသည်..သူ့ယုံကြည်မှုကိုနောက်တကြိမ်နင်းချေခံလိုက်ရတာကြောင့် ဒေါသထွက်သလိုရှက်လဲရှက်သည်..Jungkook ကသူ့ကွယ်ရာမှာဘယ်လောက်တောင်ဟားနေလိုက်မလဲ...

Taehyung မနေ့တည်းက Jungkook ကိုသူ့(JK)မွေးနေ့မှာ Surprise လုပ်ဖို့ပြင်ဆင်နေခဲ့ရတာ..Jimin ကိုတောင်မပြောဘဲ Bogum ကိုအကူအညီတောင်းပြီး နမ်ဆမ်တာဝါမှာ Dinner Dateလေးလုပ်ဖို့ Booking တောင်ယူပြီးသွားပြီ..တခြားစုံတွဲတွေလိုတာဝါပေါ်မှာသော့လေးတွေကိုစာရေးပြီးအတူချိတ်ကြမယ်..ဆင်တူလက်စွပ်လေးကိုပေးရင် ဖြစ်သွားမယ့် Jungkook မျက်နှာလေးကိုလည်းစိတ်ကူးထဲမှာပုံဖော်ကြည့်မိတာအခါခါ..ပြီးရင်လက်စွပ်လေးကိုအပြန်အလှန်စွပ်ပေးကြမယ်..ဒါတွေက Jungkook မွေးနေ့မရောက်ခင်တည်းက Taehyung စိတ်ကူးထားတဲ့အရာတွေ..

Jungkook ကသူ့မွေးနေ့ကိုမသိချင်ယောင်ဆောင်နေလို့ စိတ်ကောက်နေတာလည်း Taehyung သိသည်..ညဘက်ကျရင် Surprise လုပ်ပြီးချော့ဖို့လည်းသူ(TH)တွေးထားပြီးသားပင်..သို့ပေမယ့်သူအရူးလုပ်ခံရသလိုခံစားလိုက်ရသည်..စောစောသာမသိခဲ့ရင်သူ(TH)ညရောက်လို့ လက်စွပ်ပေးတဲ့အချိန်ဘယ်လောက်တောင်အလှောင်ခံလိုက်ရမလဲ..သူပေးမယ့်လက်စွပ်ကလည်းချောင်ထိုးခံရမှာသေချာသလောက်ပင်..

Jungkook ကသူ့(TH)ကိုဒုတိယအကြိမ်အရူးလုပ်နိုင်သွားပြန်သည်..သူဘာလို့ Jungkook လိုလူကိုပြန်ယုံမိမှန်းမသိ..သူပဲအလှည့်စားခံရတာမလုံလောက်သေးလို့လား..Jimin သာ Basket Ball room ထဲမှာပစ္စည်းမကျန်ခဲ့ရင် သူ(TH)ဒီကိစ္စတွေကိုမသိဘဲ Jungkook ရဲ့အလိမ်အညှာတွေမှာပျော်ဝင်နေမိမှာ..

MAY BE FRIEND (Complete)Donde viven las historias. Descúbrelo ahora