MBF 6

8.5K 965 195
                                    

Bogum စိတ်ထဲမှာထူးဆန်းသလိုခံစားနေရမယ်ဆိုတာ Taehyung သိသည်..Jungkook ကိုအကြည့်လွှဲပြီး Bogum ကိုတောင်းပန်လိုက်တဲ့Taehyung...

"Hyung တောင်းပန်ပါတယ်..Hyung ကြိုက်တဲ့သူကကျတော်မဟုတ်မှန်းသိပါတယ် ဒီတိုင်းHyung ကိုထိခိုက်စေလိုတဲ့ဆန္ဒမရှိပါဘူး "

"ရပါတယ်ကိုယ်ဘယ်လိုမှမနေပါဘူး...စားတော့လေအေးကုန်တော့မယ်"

Bogum ဘက်ကအခုချိန်Taehyungကိုဖွင့်ပြောတာကောင်းတဲ့အချိန်မဟုတ်မှန်းသိတာကြောင့် သူ့ခံစားချက်တွေကိုနောက်မှပြောဖို့ဆုံးဖြတ်လိုက်သည်...

Jimin ကဘာမှတော့မပြောပေမယ့် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ထိသွားလို့ကျေနပ်နေသည်..

အတန်းပြီးလို့အဆောင်ပြန်လာတော့ Jungkook ကရှိမနေ..ညဘက်ကျတော့လည်း Jungkook ကအဆောင်ကိုပြန်မလာခဲ့..မမြင်ရတော့စိတ်ရှုတ်သက်သာတာပေါ့လို့သာ Taehyung တွေးလိုက်သည်..

Next day,

Taehyung နဲ့ Jimin သူတို့အတန်းပြီးရင်Basket ball အသင်းဝင်တွေစုဖို့ပြောလာတာကြောင့် သွားနေတာဖြစ်သည်..

Basket ball Room ထဲကိုရောက်တော့ လူတောင်တော်တော်စုံနေပြီဖြစ်သည်..အဝတ်လဲခန်းကိုသွားတော့သူတို့အတွက်Lockerလေးတွေထားပေးထားတာတွေ့ရသည်..သူတို့နှစ်ယောက်တာဝန်ရှိသူဆီသွားပြီးဝတ်စုံအသစ်ကိုသွားထုတ်ပြီး လဲဝတ်လိုက်သည်..

ဒူးအထက်ရောက်နေတဲ့ဘောင်းဘီကသူတို့ရဲ့ခြေတံသွယ်သွယ်လေးတွေကိုဖော်ပြနေသလို လက်ပြတ်အကျီဖြစ်တာကြောင့်manlyဆန်တဲ့လက်မောင်းသားတွေကလည်းဝင့်ဝင့်ကြွားကြွားဖြစ်နေကြသည်...Taehyung ကသူရဲ့သေးသွယ်တဲ့ခြေတံကိုသဘောမကျပေမယ့် ကျစ်လစ်နေတဲ့သူ့ရဲ့လက်မောင်းသားတွေကိုတော့သူ့ဟာသူဂုဏ်ယူနေတတ်သည်...နှစ်ယောက်လုံးကခေါင်းမှာ Headband ဝတ်ထားကြပြီး သူတို့ရဲ့ချောမောလှပမှုကြောင့် အသင်းသားတွေပင်ငေးကနဲဖြစ်သွားရသည်...

သူတို့နှစ်ယောက်အသင်းသားတွေနဲ့အတူမတ်တပ်ရပ်တာတောင်ခေါင်းတွေကတချက်တချက်ထွက်ထွက်လာတတ်သေးသည်...

ထိုအချိန်Senior တွေဝင်လာတာကြောင့်အားလုံးငြိမ်သွားသည်..Sugaကရှေ့ဆုံးကဝင်လာပြီးသူ့နောက်မှာတော့အသင်းသားတွေဖြစ်ဟန်တူသည်..သို့ပေမယ့်နောက်ဆုံးမှာပါလာတဲ့လူကြောင့် Taehyung ရောJiminပါမျက်လုံးပြူးသွားသည်...ထိုလူကJungkookပင်..

MAY BE FRIEND (Complete)Where stories live. Discover now