MBF 10

8.1K 816 187
                                    

Jungkook က Taehyung ဆိုင်ကယ်တွေထားတဲ့နေရာရောက်တဲ့ထိဆွဲခေါ်လာသည်...

ဆိုင်ကယ်နားကိုရောက်တော့ Jungkookရဲ့လက်ကိုဆွဲဖြုတ်လိုက်တဲ့Taehyung...

"မင်းဆိုင်ကယ်ထားတဲ့နေရာကို ဘာကိစ္စခေါ်လာတာလဲ Jungkook"

Jungkook ကဘာမှမပြောဘဲသူ့ဆိုင်ကယ်ကိုထုတ်ကာ ဦးထုတ်ဆောင်းပြီးခွထိုင်လိုက်သည်..Taehyung ကိုလည်းဆိုင်ကယ်ဦးထုတ်လှမ်းပေးလိုက်ပြီး...

"တက်"

"ငါမအားလို့မင်းနဲ့မလိုက်နိုင်ဘူး "

"Kim Taehyung...မင်းအခုချက်ချင်းတက်မလား မတက်ဘူးလား"

Jungkook ကဒေါသတွေကိုထိန်းချုပ်ထားဟန်နဲ့ပြောလာသည်..

"ငါမအားဘူးလို့ပြောနေတယ်လေ.."

Taehyung ကလည်းအလျှော့မပေးဘဲပြောလိုက်သည်...လူတွေကကောင်ချောလေးနှစ်ယောက်စကားများနေတာကို မသိမသာလှမ်းကြည့်နေကြသည်...

Jungkook သူဆောင်းထားတဲ့ဆိုင်ကယ်ဦးထုတ်ကိုချွတ်လိုက်ပြီး...

"မင်းမတက်ရင် ငါမင်းကိုဒီနေရာမှာပဲအသက်ရှူကျပ်အောင်နမ်းပြစ်မှာ မလုပ်ဘူးမထင်နဲ့"

Jungkook စကားကြောင့်Taehyung နားရွက်ဖျားလေးတွေရဲတက်လာသည်..ပြောရဲတဲ့Jungkook ပါးစပ်ကိုလည်းအံ့သြလို့မဆုံး..နဖူးကြောတွေထောင်နေသည်အထိစိတ်ဆိုးနေတဲ့ Jungkook ကပြောတဲ့အတိုင်းလုပ်မယ်ဆိုတာ Taehyungသိနေသည်..အနားကလူတချို့ကတော့ကြားသွားတာကြောင့် ပြုံးစိစိနဲ့ဖြစ်နေကြသည်..Taehyung ဒီနေရာမှာဆက်နေဖို့ရှက်လွန်းတာကြောင့် Jungkook ဆီကဆိုင်ကယ်ဦးထုပ်ကိုဆွဲယူပြီး ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်သည်...

Jungkook လည်းကျေနပ်သွားပြီးဆိုင်ကယ်ဦးထုပ်ပြန်ဆောင်းကာထိုနေရာမှထွက်ခဲ့လိုက်သည်...

အဆောင်ရောက်တော့ အပေါ်ထပ်ကိုတက်လာပြီးသူတို့အခန်းထဲထိTaehyung ကိုဆွဲခေါ်သွားပြန်သည်..

အခန်းတံခါးကိုပိတ်လိုက်ပြီး Taehyung ကိုယ်ကိုတံခါးပေါ်ဖိကပ်လိုက်တဲ့Jungkook..

"Fu.k နာတယ်ဟမင်းသရဲဝင်ပူးနေတာလား..ဒီလောက်တောင်ကြမ်းတမ်းနေရတာ "

MAY BE FRIEND (Complete)Where stories live. Discover now