MBF 9

8.1K 860 179
                                    

At yoonmin side,

"အင်းးးး"

နိုးနိုးချင်းခေါင်းကိုက်နေတာကြောင့် Jimin တချက်ညည်းညူလိုက်သည်...မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့ အလင်းရောင်ကြောင့်စူးကနဲဖြစ်သွားသည်..

"ကျစ်...ခေါင်းကိုက်လိုက်တာ"

Jimin ထဖို့ပြင်လိုက်ပေမယ့်သူ့ခါးပေါ်က လေးလံနေတဲ့အရာကြောင့်ကြည့်လိုက်တော့ဖြူဆွတ်ဆွတ်လက်ဖြစ်နေသည်...Jimin လန့်ကာမျက်လုံးပြူးသွားပြီး နောက်လှည့်ကြည့်လိုက်တော့မှသဘောပေါက်သွားသည်..
သူကSuga ရဲ့ရင်ခွင်ထဲရောက်နေတာပင်...

နှစ်ယောက်လုံးကအပေါ်ပိုင်းအဝတ်မကပ်ကြဘဲ အောက်ပိုင်းမှာလည်းဘောင်းဘီတိုလေးတွေနှင့်သာ...Sugaမသိအောင်ဖြေးဖြေးချင်းထဖို့လုပ်လိုက်ပေမယ့် Jimin ခါးကနေအဆွဲခံလိုက်ရပြီး နှစ်ယောက်လုံးကပိုပြီးကပ်သွားသည်...Jimin သူ့ရဲ့မက်မွန်သီးကိုလာထောက်နေတဲ့ခပ်မာမာအရာကိုခံစားမိသွားပြီး...

"အားးးးးးးးးးးးMin Suga နှာဘူးကြီး"

အော်ပြီးထရပ်လိုက်တဲ့ Jimin ကြောင့်Sugaပါနိုးသွားသည်...

"မနက်စောစောစီးစီးဘာတွေဆူညံနေတာလဲကွာ"

အိပ်ချင်မူးတူးနဲ့ထထိုင်ပြီးပြောလိုက်တဲ့Suga...

Jimin ကသူ့ကိုယ်ကိုသဘက်ယူပြီး ပတ်လိုက်သည်..
မျက်လုံးကလည်းSugaအောက်ပိုင်းကိုကြည့်လိုက် Sugaမျက်နှာကိုကြည့်လိုက်နဲ့ Jimin မျက်နှာတစ်ပြင်လုံးနီရဲနေသည်..Jimin ရဲ့ပုံစံကြောင့် Suga သူ့အောက်ပိုင်းကိုငုံ့ကြည့်လိုက်တော့ဘောင်းဘီပေါ်က ဖောင်းကားနေတာကြောင့်သူ့လက်နဲ့သူအုပ်လိုက်ပြီး...

"မင်းကလည်းဒါကယောကျာ်းလေးတိုင်း မနက်ပိုင်းဆိုဖြစ်နေကျပဲဘာအထူးအဆန်းတွေလုပ်နေတာလည်း "

(ခများဟာကသာမာန်ထက်ပိုကြီးနေတာလေအဘိုးကြီးရဲ့ ငါ့နောက်ကိုထိမိတုန်းကဟာကိုအခုထိခံစားမိတုန်းပဲ..အားးးး)

"ခများမနေ့ညတုန်းကကျတော့်ကိုဘာလုပ်ထားသေးလဲ ဘာလို့ကျတော်ကခများအိပ်ယာပေါ်ရောက်နေရတာလဲ..ပြီးတော့ကျတော်တို့အကျီတွေလည်းမဝတ်ထားဘူး "

MAY BE FRIEND (Complete)Where stories live. Discover now