MBF 8

8.1K 875 95
                                    

ဘာလိုလိုနဲ့ကျောင်းပိတ်ရက်တောင်ရောက်လာပြီဖြစ်သည်...

ကျောင်းကောင်စီအဖွဲ့ကလူတွေကတော့ မနက်တည်းကအလုပ်များနေတာဖြစ်သည်...ပထမနှစ်လေးတွေကို Senior အမတစ်ယောက်က လာတဲ့သူတွေကိုဘယ်လိုဧည့်ခံပြီးစားပွဲထိုးမယ်ဆိုတာသင်ပေးသည်...Bogum နဲ့တခြားသူတွေကအချက်အပြုတ်ပိုင်းတာဝန်ယူနေသည်...

ကျောင်းကလူတွေကမနက်ပိုင်းလုပ်စရာရှိတာလုပ်ပြီး ညနေပိုင်းမှလာမှာဖြစ်သည်...မနက်ပိုင်းမှာတော့ Professor တွေလာတာကြောင့်ပင်..

Bogum ကTaehyung ကိုသဘောကျတဲ့အကြောင်းထပ်မပြောတော့...Taehyung ကမတွေ့အောင်ရှောင်တာကြောင့်လည်းပါမည်..Jungkook ကဒီနေ့တော့လှုပ်ရှားမှုမှာပါဝင်ကူညီသည်..သူနဲ့Sugaက အကင်ပိုင်းကိုတာဝန်ယူထားတာဖြစ်သည်..Bogum နဲ့တော့စကားမပြောဖြစ်ပေမယ့်တစ်ယောက်နဲ့တစ်ယောက်ရန်လိုနေတာတော့မရှိ...

ညနေရောက်တော့ကျောင်းသားတွေတဖွဲဖွဲရောက်လာကြ သည်..အစားအသောက်အကင်တွေနဲ့ Soju တွေကို Limitနဲ့ချပေးတာဖြစ်ပြီးထပ်မှာရင်တော့ ပိုက်ဆံနဲ့ဝယ်ရတာဖြစ်သည်...

Taehyung နဲ့ Jimin အပါအဝင်ပထမနှစ်လေးတွေက စားပွဲထိုးပေးကြသည်...ကျောင်းကောင်စီမှာအချောလေးတွေပဲစုနေတဲ့သတင်းကြောင့်ထင်သည် ဒီနှစ်လာတဲ့လူကပိုများနေသည်...Taehyung နဲ့ Jimin ဆိုလက်ကိုမလည်တော့..နာမည်အမေးခံရလွန်းတဲ့ဆုကိုပေးရင်သူတို့ရလောက်ပြီဖြစ်သည်...

မေးတဲ့သူတွေကယောကျာ်းလေးတွေပါအပါအဝင်ဖြစ်နေသည်..

"Oppa ဒီကိုSojuလေး ချပေးပါဦး"

"Oppa ဒီဘက်ကိုလည်းလာပါဦး"

"Taehyung na ဒီကိုSojuလေးလာချပေးပါဦး"

"Jimin na...အသားကင်နောက်ထပ်လုပ်ပေးပါဦး "

"မောင်လေး..Noonaတို့ကိုSojuနဲ့အသားကင်လေးထပ်ပေးပါဦး"

"မောင်လေး...တစ်ခုခုမသိတာရှိရင် Noonaတို့ကိုလာမေးနော်ကိုယ်ဖိရင်ဖိသင်ပေးမှာ အဟင်း"

"Hyungတို့...နာမည်လေးပြောပြပါဦး"

"Hyung အရမ်းမိုက်တယ် "

နာမည်မသိတဲ့သူတွေကတော့သူတို့ကို"Oppa ဒါမှမဟုတ် Hyung "လို့သာခေါ်ကြသည်..Seniorတွေကတော့မောင်လေးမောင်လေးနဲ့ ပါးစပ်ဖျားကမချကြပေ...Jungkook နဲ့ Suga Bogamတို့ကလည်းကျောင်းမှာ Popularဖြစ်ပေမယ့် အခုတော့အသစ်လေးဖြစ်တဲ့ Taehyung နဲ့ Jimin ဆီသာအာရုံရနေကြသည်..

MAY BE FRIEND (Complete)Where stories live. Discover now