MBF 7

8.3K 881 181
                                    

Taehyung တစ်ယောက်Jungkook ကိုကြည့်ရီနေပေမယ့်သူ့တို့ဘက်ကိုကူးလာတဲ့ Jungkook ကြောင့်အကြည့်လွှဲလိုက်သည်..သို့ပေမယ့်သူ့မှာရီချင်တာအောင့်ထားရသလိုဖြစ်နေတာကြောင့်တချက်တချက်ရီသံထွက်ထွက်လာသည်..Jungkookရဲ့ရေကူးပုံကိုတွေးမိတိုင်းရယ်ချင်နေတုန်းဖြစ်သည်..

"Oppa ကရယ်ရင်အရမ်းကြည့်ကောင်းတာပဲ"

ကောင်မလေးကသူမအသက်ပြောတော့ Taehyung ထက်ငယ်နေတာကြောင့် Oppa လို့သာခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်...ထိုကောင်မလေးကခနခနသူ့ကိုအထှာပေးနေတာလည်းသိသည်..ကောင်မလေးကလှတဲ့ထဲမှာလည်းပါသည်..ဒါပေမယ့် Taehyung မှာနောက်ထပ်မချစ်နိုင်သေးတာကြောင့်မသိချင်ယောင်သာဆောင်နေခြင်းဖြစ်သည်...

"အာ...ညမကတော့နောက်နေပြန်ပြီ "

"တကယ်ပြောတာ Oppaက မရယ်ရင်ကျတည်တည်ကြည်ကြည်လေးနဲ့ချောတယ်..ရယ်ရင်ကျကလေးလေးလိုချစ်ဖို့ကောင်းပြန်ရော"

"အာ...ချီးကျူးပေးလို့ကျေးဇူးပါ "

"..Oppa ကိုတစ်ခုလောက်မေးချင်လို့"

ကောင်မလေးကပြောချင်ပေမယ့်ရှက်တဲ့အမူအယာနဲ့ မျက်နှာလေးကရဲနေသည်...

"အွန်းမေးလေ "

"ဟိုလေ...Oppaမှာတွဲနေတဲ့သူရှိလားဟင်"

"အာ...မရှိပါဘူးကိုယ့်ကိုဘယ်သူကကြိုက်မှာမို့လို့လည်း"

"အဲ့တာဆိုရင်လေ...ညမနဲ့..နဲ့....Omma...အမလေး.."

ကောင်မလေးစကားတောင်မဆုံးသေးဘူး ရေတွေကတရဆက်လိုဆက်တိုက်သူတို့ဘက်ကိုစင်လာသည်...Taehyung ဘက်ကအဲ့လောက်မဆိုးပေမယ့် ကောင်မလေးဘက်ကပိုဆိုးနေတာကြောင့်ကောင်မလေးက မျက်လုံးတောင်မဖွင့်နိုင်တော့...

Taehyung ကြည့်လိုက်တော့ Jungkook ကသူတို့နားမှာရေကူးသလိုပုံစံနဲ့ရေကိုတဖြန်းဖြန်းရိုက်နေတာပင်..

"Ya...Jungkook မင်းဝေးဝေးသွားကူးလို့မရဘူးလား "

Jungkook ကသူဘာမှမလုပ်ထားသလိုပုံစံလေးနဲ့မော့ကြည့်လာသည်..

"ငါလည်းကူးရင်းဒီဘက်ကိုဘယ်လိုရောက်လာမှန်းမသိဘူး.."

"အဲ့တာဆိုလည်းငါတို့ကိုမစင်စေနဲ့လေ "

MAY BE FRIEND (Complete)Where stories live. Discover now