MBF 3

8.5K 933 303
                                    

"တွေရတာဝမ်းသာပါတယ် Tae Tae "

Taehyung အံ့သြတုန်လှုပ်ကာမဝံ့မရဲမော့ကြည့်လိုက်တော့ သူ့ကိုပြုံးရယ်ပြီးကြည့်နေတဲ့ကျောင်းသားတစ်ယောက်...ထိုလူရဲ့Eye Smile လေးရယ်ပြီးတော့သူမမြင်ဖူးတဲ့မျက်နှာကြောင့် Taehyung နည်းနည်းတော့စိတ်သက်သာရာရသွားသည်...

Tae Taeလို့ခေါ်တည်းကထိုလူကလိုင်းပေါ်ကသူငယ်ချင်းဆိုတာခန့်မှန်းမိလိုက်သည်..

"မင်းလူမှားနေပြီ ငါ့နာမည်ကTae Taeမဟုတ်ဘူး"

ထိုကျောင်းသားကပြုံးလိုက်ပြီး..

"ငါသိပါတယ်..မင်းနာမည်ကKim Taehyung အခန်း၃က ဟူတ်တယ်မလား "

Taehyung မယုံကြည်နိုင်စွာကြည့်မိတော့ ထိုကျောင်းသားက...

"ငါStalker မဟုတ်ပါဘူးကွာ..ငါ့နာမည်ကJiminအခန်း၂က..မင်းကနာမည်ကြီးပဲလေငါမသိဘဲနေမလား "

ဟုတ်သားပဲ Jungkook လိုကျောင်းရဲ့မင်းသားလေးနဲ့ Soyoung လိုကျောင်းရဲ့အလှလေးကသူ့အနားမှာရှိနေတာကြောင့် ကျောင်းမှာTaehyung ကိုသိတဲ့သူတွေများလာသည်လေ...

"မင်းငါ့ကိုဘယ်လိုသိတာလည်း "

"မထူးဆန်းပါဘူးကွာ မင်းနာမည်ကTaehyungလေ..မင်းငါ့ကိုတစ်ခါပြောဖူးတယ်မလား မင်းAcc nameကမင်းနာမည်ရှေ့ဆုံးကဟာကိုယူထားတာဆိုပြီး..အစကတော့မင်းမှန်းမသေချာသေးဘူး ဒါပေမယ့်မင်းရဲ့ပုံစံကဆိုးတယ်ဆိုပြီး မင်းပုံစံကိုပြောပြခဲ့တာလေ အဲ့တာကြောင့်မင်းကTae Taeဆိုတာသေချာသွားတာ"

Taehyung သူ့ကိုယ်သူစိတ်ထဲကနေသာအပြစ်တင်နေမိသည်..သူတို့တစ်ယောက်နဲ့တစ်ယောက်မတွေ့နိုင်ဘူးထင်ပြီး သူ့ပုံစံပါပြောပြခဲ့မိသည်လေ...

"မင်းကိုတစ်ခါမှမတွေ့ဖူးပါဘူး"

"အွန်းငါဒီနှစ်မှ Busan ကပြောင်းလာတာလေ..ပြီးတော့မင်းကဘယ်တုန်းကမင်းပတ်ဝန်းကျင်ကိုစိတ်ဝင်စားဖူးလို့လည်း အဲ့တာကြောင့်မသိတာနေမှာပေါ့ "

(ဟုတ်သားပဲငါ့အခန်းထဲကလူတွေတောင်အကုန်မမှတ်မိတာ သူ့လိုကျောင်ပြောင်းလာတဲ့သူဆိုပိုဆိုးမှာပေါ့)

Taehyung စိတ်ထဲမှာ Jimin ကိုမယုံရတဲ့သူလို့တော့မထင်..ဘာလို့လည်းဆိုတော့သူတို့မမြင်ဖူးခင်ကတည်းက J ဆိုတဲ့သူကသူ(TH)ပြောသမျှကိုစိတ်ရှည်သည်းခံကာအကြံဉာဏ်တွေအမြဲပေးသည်..သူတို့တွေစာအကြောင်းလဲဆွေးနွေးကြသည်..Taehyung အိမ်မက်ဆိုးတွေမက်တယ်ပြောတုန်းကလည်း Dreamcatcher လေးဝယ်ပြီးအခန်းမှာချိတ်ထားဖို့အကြံပေးသည်..

MAY BE FRIEND (Complete)Where stories live. Discover now