MBF The Final

9.7K 803 178
                                    

"ကိုကို"

ခပ်စူးစူးအသံလေးကြောင့် Suga ရောထိုမိန်းမအပြင်တခြားဝိုင်းတွေကလူတွေပါလှည့်ကြည့်လာသည်..Suga က Jimin ကိုမြင်တော့အံ့သြကာမျက်တွေဝိုင်းစက်သွားရသည်..

"Jimin?"

တခြားဝိုင်းကလူတွေကတော့ သူတို့နဲ့မဆိုင်မှန်းသိတော့ ပြန်လှည့်သွားကြသည်..

Jimin က Suga ရဲ့ဘေးမှာဝင်ထိုင်လိုက်ပြီး Suga ရဲ့လက်မောင်းကိုချိတ်ကိုင်လိုက်သည်..

"ကိုကိုက ဂျီလေးစိတ်ကောက်နေတာကို မချော့ဘဲတခြားမိန်းမနဲ့လာတွေ့နေတယ်ပေါ့လေ..ဂျီလေးအရမ်းဝမ်းနည်းတာပဲ ဟင့်..."

Jimin ရဲ့အပြုအမူတွေက Suga ကိုပါးစပ်အဟောင်းသားဖြစ်စေသည်..Jimin ကဘယ်တုန်းကမှသူ့ကိုချွဲတဲ့အသံနဲ့မပြောဖူးသလို အနားတောင်အကပ်မခံတာလေ..အခုတော့သူ(jm)ကိုယ်တိုင်လိုလိုလားလားနဲ့ကပ်ချွဲနေပြန်သည်..

"Suga..ဒါနင့်ကောင်လေးလား "

ထိုမိန်းမကမေးလာတာကြောင့် Suga ကမဟုတ်တဲ့အကြောင်းပြောမလို့ပြင်နေတုန်း Jimin ကပဲ..

"ဟုတ်တယ်လေ..ကျတော်ကကိုကို့ကောင်လေး ဒီကအမကြီးကဘယ်သူများလဲမသိဘူး..ကိုကို့ကိုကြံနေတာဆိုရင်တော့ Sorry ပါ..ကိုကိုက ကျတော့်အပိုင်မို့လို့ "

ခပ်စွာစွာလေးပြောလိုက်တဲ့ Jimin ကြောင့် Suga သူ့(sg)ကို Jimin အထင်လွှဲပြီးသဝန်တိုနေမှန်းသဘောပေါက်လိုက်သည်...Suga စိတ်ထဲကကျေနပ်ကာ သွားသေးသေးလေးတွေပေါ်သည်အထိပြုံးပြီး Jimin ကိုနူးနူးညံညံ့လေးကြည့်နေမိသည်..

"အာ..မင်းအထင်လွှဲနေပြီထင်တယ်..ဒို့က Suga ရဲ့အမအရင်းကြီးပါနော်..ဒို့နာမည်က Min Young Ji ပါ "

"ဗျာ..."

(အား.....ဟိုနှစ်ကောင်ငါ့ကိုဂျင်းထည့်သွားပြန်ပြီ..သေလိုက်ပါတော့)

"အာ..ဟား..ဟား..ဟား..တောင်းပန်ပါတယ် အဲ့တာဆိုမနှောက်ယှက်တော့ဘူးလေ သွားတော့မယ်နော် ဟင်းဟင်း"

Jimin ငိုမဲ့မဲ့မျက်နှာနဲ့ထဖို့ပြင်လိုက်ပေမယ့် Suga ကလွှတ်မပေးဘဲပုခုံးကနေဆွဲဖက်ပြစ်လိုက်သည်..Jimin ရှက်တာကြောင့်မျက်နှာတွေနီရဲကာ အငွေ့သာပြန်သွားလိုက်ချင်တော့သည်..

MAY BE FRIEND (Complete)Where stories live. Discover now