မြောင်မြောင် ၏ ကန်ယု ကိုတွေ့ဆုံရန်ခက်ခဲမှု

1.2K 226 7
                                    

ဒါကဘယ်လိုနဲနဲပဲဝတာဖြစ်နိုင်မှာလဲ..ကျွန်မစပြီးလမ်းလျောက်တဲ့အခါ အရမ်းဝနေပြီလေ။ အခုက ၁၆၈ ပေါင်ဆိုတော့ အရင်ကဝိတ်ထက် နှစ်ဆဖြစ်နေပြီပေါ့။ မှန်ကြည့်မိတော့ ကျွန်မကိုကျွန်မတောင် မမှတ်မိတော့ဘူး။

ကျွန်မက လူပဲလား
အမှန်တကယ်ကျွန်မက လူခန္ဓာကိုယ်ပိုင်ဆိုင်တုန်းပဲလား..ဘောလုံးတစ်လုံးလိုပါပဲ။

အမှန်အတိုင်းပြောရရင် ကျွန်မရဲ့ရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုကို ဂရုစိုက်ဆဲပါ။  သေးသေးသွယ်သွယ်ပါးပါးလျလျလေးတုန်းက အဆင်ပြေတယ်လေ...အခုလိုဝလာတဲ့အခါကျတော့ ကျွန်မရဲ့ရုပ်ရည်လက္ခဏာတွေ( ကောင်းခြင်းခုနှစ်ပါး) ကဘာမှ မရှိတော့ဘူးလေ။

ကျွန်မတအားငိုချလိုက်တယ်...အနော့ရီဇီးယား( ဝမှာစိုးလို့အစားလျော့စားခြင်းကြောင့်ဖြစ်တဲ့ ရောဂါ) ကြောင့် ကျွန်မါဒေါသတွေဖြစ်ပေါ်လာတယ်။

ဘယ်လိုပဲနေနေ နောက်ဆုံးတော့ ကျွန်မကို ဘောလုံးတစ်လုံးလို ဝအောင်လုပ်ခဲ့တဲ့ လူတစ်ယောက်ကို တွေ့ခဲ့ပြီ..သူက နူးနူးညံ့ညံ့နဲ့နှစ်သိမ့်ပေးတဲ့ ငါ့မိဘတွေနဲမတူဘူး..သူက ကျွန်မပိုပြီးဝလာတာ ကိုလဲ သိခဲ့တယ်..ကျွန်မအစာစားဖို့်ငြင်းတိုင်း

" မင်းရဲ့အသက်ကိုရင်းလိုက်ရတာတောင် မင်းကလှလာမယ်လို့ ထင်နေတုန်းပဲလား "

လို့သူက ဒေါသတကြီးနဲ့အော်ပြောတဲ့သူ။

သူ့ရဲ့စကားတစ်လုံးချင်းစီတိုင်းက ကျွန်မကိုလုံးဝပြိုလဲသွားသည်အထိ ထိရှလွန်းတယ်။

ဒါဆို..လှပမှုနဲ့အသက်ရဲ့ကြား တစ်ခုကိုရွေးရမယ်ဆို ကျွန်မကတော့ အသက်ကိုပဲရွေးဦးမှာပဲ။
သေခြင်းတရားကို ကျွန်မကြောက်တယ်။ ကန်ယုကို တွေးမိတဲ့အခါတိုင်း သေသွားတာမှပိုကောင်းမယ်လို့ ခံစားခဲ့မိတယ်။ ဖက်တီးမတစ်ယောက်အတွက် အချစ်ဟာ ဘယ်တော့မှာရှိလာမှမဟုတ်တော့ဘူး။

ကျွန်မရဲ့မကျေနပ်ချက်...ကျွန်မရဲ့နစ်နာမှုတွေ။
မကောင်းတဲ့ ညစ်ပတ်တဲ့ဟော်မုန်း။

နှလုံးကြွက်သားရောင်ရမ်းတာဟာ ကုသဖို့ခက်တယ်။အဲ့ဒါက အားအင်ပြည့်ဝမှုနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ အဲ့ရောင်ရမ်းမှုက ရောဂါကိုဖြစ်စေတာမို့် အဖျားရှိနေတဲ့ကာလပတ်လုံး ဂရုစိုက်နေရတယ်..မဟုတ်ရင် အ​​ခြေအနေပြန်ဆိုးနိုင်တယ်လေ။

Husband is great black belly (Myanmar Translation) Where stories live. Discover now