အတိအလင်းတွဲပြီ ၁

2.2K 337 16
                                    


ကျွန်မရဲ့ အပြေးစံချိန် က တော်တော် တိုးတက်လာတယ်လို့ထင်ရတယ်။ အရင်က ကျောင်းကနေ အိမ်ကို ပြန်ရင် ၂၅ မိနစ်လောက်တော့ ကြာတယ်။အခုကြတော့ ခဏလေးနဲ့ရောက်ချလာတာ ။အိမ်ရောက်တာနဲ့ ကျွန်မ တစ်ခါတည်း လှေကား သုံးထစ် ကို ခုန်ပျံကျော်လွှားပြီး အိပ်ခန်းထဲ ပြေးဝင်လိုက်တယ်။ကျွန်မ တံခါးကို လော့ချလိုက်ပြီး ကုတင်ပေါ် ပြေးတက် စောင်ခြုံပြီးနေနေလိုက်တယ်။စောင်နဲ့ တင်းကျပ်နေအောင် လှိမ့်ပြီး ပတ်ခြုံနေပစ်တယ်။

ငါ့ မျက်နှာ...... အားးးးးးး

သေ သင့် တဲ့ အသား တုံးကြီးးးး

ငါ့ရဲ့ ပုံစံ အားးးး
တော်တော် စုတ်ပြတ်နေတာပဲ

ကိုယ့်ကိုကိုယ် ခေါင်းကို ပိတ် ထု ပစ်တယ်။နောက် ဆယ်မိနစ်လောက်ကြာတော့ အခန်းရှေ့ကနေ ယန်ယန်ရဲ့ အသံကို ကြားလိုက်ရတယ်။

" မမ တံခါးဖွင့် "

ကျွန်မ စောင်ကို အသားကုန် ပတ်ခြုံလိုက်ပြီး

"မဖွင့်ဘူး"

အပြင်က အသံတွေ တိတ်ဆိတ်သွားတယ်။ခဏကြာတော့ ကျွန်မ တံခါး ဖွင့်သံကိုကြားလိုက်ရတယ်။ကျွန်မ စောင်ကို ဖယ်ပြီး ကြည့်လိုက်တော့ မာစတာကီး ကိုင်ကာ ဝင်လာသော ယန်ယန်ကို မြင်လိုက်ရပါတော့တယ်။

ဒီအရှုပ်ထုပ်မလေး ကျွန်မကို ခဏလေးတောင် လွှတ်မပေးထားချင်ဘူးလားမသိပါဘူး။ယန်ယန်ကတော့ သော့ကို လက်ချောင်းထဲချိတ်ပြီး ဝှေ့ယမ်းနေကာ ရယ်မောနေပြီး

"ရူးသွားတာလား"

ကျွန်မ စိတ်ဆိုးကာ စောင်ခြုံထဲဝင်လိုက်ပေမယ့်လည်း ယန်ယန်ရဲ့ရယ်သံကို ကြားနေရတုန်းပါပဲ။

"မမ. သဝန်တိုတဲ့အခါ ခံစားလိုက်ရတဲ့ ခံစားချက်ကလေး ပြောပြပါဦး"

ကျွန်မ မျက်နှာ တော်တော်ကြီးကို ပူလာကာ အော်ထုတ်လိုက်တယ်

"ငါ သဝန်မတိုဘူး"

"မဟုတ်ဘူးလား ။ထူးဆန်းလိုက်တာကြည့်စမ်း ခုနက ဘယ်လိုတောင် ငါ့ကို ဆွဲဖယ်ပစ်လိုက်တာဆိုတာ ငါ့လက်မောင်းတွေ နာနေပြီ"

Husband is great black belly (Myanmar Translation) Where stories live. Discover now